အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (12)

1.4K 62 0
                                    

🔥အမုန်း အ​ငြိုး၏ နိဂုံး
                                        or
                                         မောင့်အမျက်တော် 🔥

                         အခန်း (၁၂)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

" အဟင်း... ခင်ဗျား က မထင်ရဘူးဘဲ အအိပ်ပုတ်လိုက်တာ "

စော ကုမ္ပဏီသွားဖို့ ပြင်ဆင်ပြီး အိပ်ခန်းထဲက ထွက်မယ့် အချိန်ထိ... သူမ က အိပ်မောကျနေစဲ။

ဘေးတစောင်း လှဲကာအိပ်နေတဲ့ သူမ ခန္ဓာကိုယ်လေးက ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ရှုမငြီဖွယ်ရာအတိ။

ရွှေစင်လို ဝင်းဝါနေတဲ့ အသားအရည်နဲ့ သူမက
ပန်းချီ၊ပန်းပုဆရာများပင် လက်မှိုင်ချရလောက် သည့်အထိကို သိမ်မွေ့လှပ၏။

သူမ သိပ်မြတ်နိုးပုံရတဲ့ ပိတုန်းရောင် ဆံကေသာရှည်ကြီးတွေကလည်း... ဘေးတစောင်း အိပ်နေတဲ့ သူမနောက်ကျောမှာ ပန်းခင်းပမာ ပြန့်ကျဲနေတာက သူမကို တမျိုးလေး ကဗျာဆန်စေပြန်သ
ည်လေ။

ခဲရောင်လက်ပြတ် ညအိပ်ဂါဝန်လေးနှင့် သူမက
သူ့ကို အကြည့်မလွဲချင်လောက်အောင်ကို ညို့ငင်
ယူနေ၏။မှိတ်ထားတဲ့ မျက်ခွံမို့မို့လေးတွေကလည်း ဖျပ်ကနဲ ပွင့်လာတော့မလိုပုံနဲ့ သူ့ရင်ကိုခုန်စေသည်လေ။

သူမကို ကြည့်နေတဲ့ သူ့စိတ်တွေသည် ထိန်းမရတော့သည်မို့... ပန်းသွေးခြယ်သည့် သူမ ပါးပြင်ဖောင်းဖောင်းအိအိလေးကို ငုံ့၍ အနမ်းခြွေလိုက်မိ၏။

ပါးပြင်လေးက အိနုနေတာက သူ့နှာခေါင်းချွန်ချွန်လေး နှစ်ဝင်သွားတဲ့အထိ။

အိပ်နေတာတောင်မှ လူကို စုန်းကဝေမလေးလို
အမျိုးမျိုး မြူဆွယ်၊ဖျားယောင်းနိုင်လွန်းတဲ့... သူမ ​အနားကနေ စော အမြန်ထွက်လာခဲ့ရသည်။

နို့မို့ဆိုရင် သူ အိပ်ခန်းထဲကနေ မထွက်နိုင်ဖြစ်တော့မှာ။

သူ သူက ငါ့ ပါးကို နမ်းသွားတာလား။အို!... ငါ့နှလုံးသားလေးက ခုန်နေပါလား...။

ဟင့်အင်း... မခုန်ရဘူး။ခုန်လို့ မဖြစ်ဘူး။သူ့က်ို
ရင်ခုန်မိလို့ရော ငါချစ်မိလို့လည်း မဖြစ်ဘူး။သူ
က ငါ မုန်းရမယ့် သူ။ဟုတ်တယ် မုန်းမရလည်း
မုန်းရမယ့်သူပဲ။

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now