အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (22)

1.4K 50 0
                                    

🔥အမုန်း အ​ငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥

အခန်း (၂၂)

" အန် အန်ကယ် အခုပြောနေတာတွေက တကယ် အမှန် မဟုတ်ဘူးမလား။မဟုတ်ဘူး လို့... နွေ့ ကို
ပြန်ပြောပေးပါလား... အန်ကယ်ရယ်... "

ဦးစိုးမ်ိုး သူပြောပြလိုက်တဲ့ စကားကြောင့် မျက် ရည်အဝိုင်းသားနဲ့ ဖြစ်နေရတဲ့... သူဌေးရဲ့ သမီးကို သနားမိပေမယ့်... မန်နေဂျာနဲ့ ပတ်သက်ပြီး သူသိထားတာတွေက တကယ်အမှန်တွေဖြစ်လို့
မဟုတ်ပါဘူးလို့... ပြောလို့မရပေ။

" အန်ကယ် သမီးနွေအတွက် စိတ်မကောင်းပေမယ့်... မန်နေဂျာ ကုမ္ပဏီကငွေတွေကို လှည့်ထုတ် ယူပြီး ပြေးသွားတာက တကယ်အမှန်တရားပဲ။အဲ့ဒါထက် ပိုမိုမှန်တဲ့ အမှန်တရားကိုလည်း သမီး
နွေ ကို အန်ကယ် စောစောကပဲ ပြောပြီးပါပြီ။အဲ့စကားကို အန်ကယ့်အနေနဲ့ မဟုတ်ပါဘူးလို့ သမီး
နွေ စိတ်ချမ်းသာရအောင် ပြောပေးဖို့ကတော့...
မဖြစ်နိုင်ပါ။ဘာလို့ဆိုတော့... အကြောင်းစုံကို သိပြီး ဘာမှမဆိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့... အန်ကယ့် သူဌေးအတွက် စိတ်မကောင်းဖြစ်ရလို့ပါ "

အန်ကယ်စိုးမိုး စကားများကြောင့် နွေသည် ရင်ဘက်ထဲမှာ တင်းကျပ်ကျပ်နှင့် နှလုံးသားကို ဆုပ်ညှစ်ချေယူနေသလိုခံစားရသည်။မျက်ရည်များ သည်လည်း ပါးပြင်ထက်မှာ နေရာယူထားသည်က အတား အဆီးမဲ့စွာဖြင့်...

သူ မှားယွင်းစွာ လက်စားချေလိုက်တာက...
ဒယ်ဒီ က ကြားထဲကနေ အသက်ပေးခဲ့ရသည်။နွေ့အပေါ်မှာ သူ မျိုးစုံ နှိပ်စက်ခဲ့တာထက် ဒယ်ဒီ့
ကို သေစေခဲ့တာက ရင်မနာဆုံးပါပဲ။

သူ့လက်နဲ့ ဒယ်ဒီ့ ကို သတ်ခဲ့တာ မဟုတ်ပေမယ့်
လည်း...သူ့ နူတ်ကနေ စေခိုင်းခဲ့လို့ ဒယ်ဒီ က သေ ဆုံးခဲ့ရတာ။သေချာ ပြောရရင် ဒယ်ဒီ သေဆုံးရတာက သူ့ကြောင့်ဆိုတာ တစ်ရာရာခိုင်းအပြည့်ပါ။ဘာလို့ အဲ့လိုပြောရတာလဲ ဆိုရင်....

သူ နောက်ကွယ်ကနေ မန်နေဂျာ ကို ကြိုးကိုင်ပြိီး
ကုမ္ပဏီငွေတွေကို လှည့်ထုတ်ယူစေပြီး ထွက်ပြေ းသွားခိုင်းခဲ့လို့ပါ။

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now