အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (15)

1.3K 55 0
                                    

        🔥အမုန်း အ​ငြိုး၏ နိဂုံး
                                        or
                                         မောင့်အမျက်တော် 🔥

                         အခန်း (၁၅)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

သတင်းတင်တာ သိမ့်မဟုတ်ကြောင်း လိမ်ညာမလို့ပေမယ့်... ကိုကိုစောရဲ့ ကြောက်ရွံစရာ ဒေါသမျက်နှာကြီးကြောင့်... သိမ့် မလိမ်ညာဝံ့တော့ သည်။

" သိန်း   သိန်းနှစ်ဆယ်ပါ။အ့! "

သိမ့် စကားအဆုံးမှာ မေးဖျားကို အားထည့်ပြီး ဖျစ်ညှစ်လိုက်တဲ့ ကိုကိုစော။

" သိန်းနှစ်ဆယ်နဲ့ရင်းပြီး မင်းရဲ့ အောင်မြင်မှုတွေ
ကျရှုံးခံတော့မလို့လား... သံသာသိမ့်! "

" အာ့! ကို ကိုကိုစော က ဘာကိုပြောချင်တာလဲ "

" မဟုတ်တဲ့ သတင်းတွေတင်ပြီး ငါ့ဘဝထဲကို ဝင်လာဖို့ လုပ်နေတဲ့... မင်း ဘဝကို ငါက အောက်ဆုံးအထိရောက်အောင် ဆွဲချပစ်မယ်လို့.. ပြောနေတာကွ "

ကိုကိုစော စကားကြောင့် သိမ့် ထိတ်လန့်တုန်လှုပ်
သွားရသည်။

တကယ်ဆိုရင် သိမ့်အနေအထားက ကိုကိုစော
စကားတစ်ခွန်းလောက်နဲ့တင် ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးပါ။ဘာနောက်ခံမှ မရှိတဲ့
အခက်အခဲတွေ ပြည့်နေတဲ့ သိမ့်ဘဝသည် ကိုကိုစော ပိုင်တဲ့ မဟော်အန်တာ တိတ်မန့်မှာ မော်ဒယ်အဖြစ်... ရွေးချယ်ခံရပြီးနောက်မှာမှ အရာရာ အ
ဆင်ပြေလာခဲ့တာပါ။နောက် ကိုကိုစော က သူနဲ့
ချစ်သူပုံစံမျိုး ခဏလောက် ဟန်ဆောင်ပေးဖို့
တောင်းဆိုလာခဲ့သည်။သိမ့်သည် ကိုကိုစော ကို
တိတ်တိတ်လေး သဘောကျနေသူမို့.. တောင်းဆို တာကို လိုလိုလားလားနဲ့ လက်ခံပေးခဲ့သည်။

ဖူးခက်ကမ်း​ခြေမှာ နှစ်ယောက်တွဲပြီး ဓာတ်ပုံရိုက်
ရုံလေးကို သိမ့်အတွက် ကိုကိုစော က တိုက်ခန်းတစ်ခန်းနဲ့ သိမ့်ရဲ့ ကားကနည်းနည်း ဒိတ်အောက်
တာမို့... ကားသစ်တစ်စီးလည်း ဝယ်ပေးခဲ့သည်။

အဲ့လိုဝယ်ပေးတာတွေအပေါ် လောဘတက်ပြီး...
သိမ့် သတင်းထောက်ကို ငွေပေးပြီး မဟုတ်တာ တွေကို တင်ခိုင်းလိုက်မိတာ။အခုတော့... သိမ့် လုပ်ရပ်ကို ကိုကိုစော က ဒေါသအကြီးအကျယ်ထွက်နေပြီလေ။

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now