အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (5)

1.5K 71 1
                                    

🔥အမုန်း အ​ငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥

အခန်း (၅)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

" သမီး ဒါတော့ မဟုတ်သေးဘူးထင်တယ်။တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲမှာ ဝတ်မယ့် သတို့သမီးဝတ်စုံက အနက်ရောင်တဲ့။
ကိုယ်ဝတ်မယ့် အင်္ကျီအရောင်နဲ့ မင်္ဂလာပွဲနဲ့က
လိုက်ဖက်ရဲ့လားဆိုတာ သမီး စဥ်းစားရော ကြည့်မိရဲ့လား။ဟိုကောင်လေးကရော သမီးအနက်ဝတ်တာကို ဘာမှမပြောဘူးလား။ဒါမှ မဟုတ် သူကိုယ်တိုင်က သမီးကို ဝတ်ခိုင်းတာလား... "

မိတ်ကပ်နဲ့ အဝတ်စား ပြင်ဆင်ပြီးသွားတဲ့ နွေ့ပုံစံကို ကြည့်ပြီး မာမီ့မှာ စိတ်ပျက်ခြင်း၊အလိုမကျခြင်းတို့နှင့် နွေ့တစ်ကိုယ်လုံးကို ခေါင်းကနေ၊ခြေ
အထိ ​မျက်မှောင်ကြုတ်ဖြင့်... ခြုံငုံကြည့်ပြီး မာမီ ကအနည်းငယ် တင်းမာနေတဲ့ လေသံနဲ့မေးသည် ။

နွေလည်း ကိုယ်တိုင်က ဘာမှရွေးချယ်ခွင့်မရှိတဲ့
မင်္ဂလာပွဲကို မြန်မြန်ပြီးသွားဖို့သာ စိတ်ကရှိနေ သည်။မဟုတ်ရင် တစ်ခုမဟုတ် တစ်ခုနဲ့ မာမီ့ကို
စိတ်သောက ပေးနေမိမှာ။အခုလည်း နွေ အနက်ရောင်ဝတ်ထားတာကို ကြည့်ပြီး တော်တော်လေးသောက ဖြစ်နေရပြီလေ။

ခဏနေ မင်္ဂလာခန်းမထဲ သွားရတော့မှာမို့...
နွေ မာမီ့ လက်ဖဝါးလေး တစ်ဖက်ကိုဆုပ်ကိုင်ပြီး
...

" ဒီဝတ်စုံ က နွေ ရွေးချယ်တာပါ။သူက အရာအားလုံးကို နွေ့သဘောဖြစ်စေတဲ့ သူပါ မာမီ "

" သူက သမီးသဘောအတိုင်း ဖြစ်စေတယ်ဆိုတိုင်း၊ဘာလို့ ဝတ်စုံကို အနက်ရောင်ကြီး ရွေးရတာလဲ။မာမီတော့ သမီးပြောတာက်ို မယုံနိုင်ဘူး ဖြစ်နေတယ် "

နွေ့မျက်နှာမှာ သူများမမြင်အောင် ဖုံးကွယ်ထားတဲ့.. ရင်ထဲက မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ခံစားချက်တွေများ ထင်ပေါ်နေသလား မသိ။ သံသယ မျက်လုံးတွေနဲ့ နွေ့ကိုကြည့်ပြီး မာမီ က ပြောလာသည်။

နွေ့ခံစားချက်တွေကို မာမီ့ကို မသိမမြင်စေချင်တာကြောင့်... အပြုံးတစ်ပွင့်ကို ဟန်ဆောင်ပြုံးကာ...

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now