🔥အမုန်း အငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥အခန်း (၂၁)
" မ မောင်နဲ့ ခဏ လိုက်ခဲ့ပေးပါ "
" ငါ မလိုက်ဘူးလို့ မင်း ကို ဘယ်နှစ်ခါပြောရလဲ
စောမဟော်ဇေယျာ "" မကလည်း ခဏလေးမှ ခဏလေးပဲလို့... "
မိုးလင်းလာလို့ နွေအိပ်ရာနိုးကတည်းက တစ်နေ
ရာကို လိုက်ခဲ့ဖို့ခေါ်နေတဲ့ သူ။ကိုယ်က မနေ့က ကိစ္စဖြစ်ပြီးကတည်းက သူနဲ့ စကားမပြောတော့ဖို့အထိ ဆုံးဖြတ်ထားတာ။သူနဲ့လည်း ဘယ်နေရာကိုမှ မသွားချင်တာကြောင့်... သူ အပေါ်ထပ် အိပ်ခန်းမှာ ရှိနေရင် အောက်ထပ်ကို နွေ ဆင်းလာတယ်။သူ အောက်ကိုဆင်းလာရင် နွေ အပေါ်ကို ပြန်တက်တယ်။တစ်နေ ကုန် သူနဲ့ မလိုက်ပါဘူးလို့ စကားနဲ့အပြတ် ငြင်းဆိုနေသလို... လူကိုယ်တိုင်ကလည်း သူ့ကို ရှောင် ဖယ်ပြီး နေနေတာကိုတောင်မှ ဇွဲမလျော့တဲ့ သူက
ရေချိုးပြီး ခြံထဲက ဒန်းလေးပေါ်မှာ ဆင်းထိုင်နေတာကိုတောင်မှ အလွတ်မပေး။သူနဲ့ တစ်နေရာကို လိုက်ခဲ့ဖို့ အတင်းခေါ်နေတုန်း။နွေ သူ့ကို စိတ်ပျက်စွာနဲ့ ကြည့်လိုက်ပြီး....
" မင်းနဲ့ ငါဘယ်နေရာကိုမှ မသွားဘူး "
နွေ ပြောပြီးတာနဲ့ ထိုင်နေတဲ့ ဒန်းပေါ်ကနေ ထပြီး
အိမ်ဘက်ကို ပြန်သွားဖို့ ခြေလှမ်းပြင်လိုက်တော့
.. သူက နွေ့ကို အိမ်ဘက်ဆီကို သွားလို့မရအောင် လက်မောင်းတစ်ဖက်ကို ဆွဲဆုပ်ကိုင်ထားပြီး..." မောင်ပြောသလို မ ကို ခေါ်သွားတာက ခဏလေး မဟုတ်ခဲ့ရင် မ လက်နဲ့ မောင့်ရဲ့ ပါးနှစ်ဖက်ကိုသွေးထွက်တဲ့အထိ ရိုက်ပါ။မောင် ခေါ်တဲ့ဆီကိုတော့ ခဏလေး လိုက်ခဲ့ပေးပါ "
စော သူတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ကားနားမှာ ရပ်စောင့်နေတဲ့... ဖြိုးဇေကိုလည်း မ ကို ကူပြော
ပေးဖို့ မျက်လုံးအကြည့်နဲ့ အချက်ပြလိုက်သည်။သူကြည့်လိုက်တာနဲ့ နားလည်တဲ့ ဖြိုးဇေကလည်း
အနားကို အပြေးအလွှား ရောက်လာသည်။