အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (18)

1.3K 51 3
                                    

🔥အမုန်း အ​ငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥

အခန်း (၁၈)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

" ဆေးကလွဲပြီး ကို ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူးဆို... ကို့အချစ်က ဆေးအတွက်ပဲဆို... ဆေးကလွဲပြီး ကို့အချစ်တွေကို ဘယ်သူ့ကိုမှ မပေးဘူးဆို... ဆေးမဟုတ်တဲ့ နောက်တစ်ယောက်ကိုလည်
း ကို က မရှာဘူးဆို... ကို့ကိုလည်း ထားမသွားပါနဲ့လို့ ဆေးဆီမှာ ကို တောင်းဆိုခဲ့တာ မဟုတ်လား...။

အခုတော့ ကိုက ပြောခဲ့တဲ့ စကားတွေကို မပြောခဲ့ ဖူးသလိုနဲ့... ဆေး ကို မေ့ပစ်ပြီး တခြားသူကို ချစ်တော့မယ်ပေါ့။ဆေး နာကျင်ခဲ့ရတဲ့ အခိုက်အတန့်တွေကို ကို က မေ့သွားနိုင်ခဲ့ပြီလား...။ဆေး ခံစားခဲ့ရတာတွေအတွက် ကို က မျက်ကွယ်ပြုလိုက်နိုင်ပြီလား...။

ဆေး က ကို့အတွက် ခဏတာလေးပဲလား...။
တစ်ဘဝစာ အတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလား...။ဆေးကို ကို မချစ်တော့ဘူးဆိုရင်လည်း
ကို့ရဲ့ ဝေးရာကို ဆေး သွားပါတော့မယ်။တစ်ခုလေးပဲ မှတ်ထားပေးပါ။ဆေးတို့ ချစ်ခဲဲ့ဖူးတာကို
ပေါ့။နောက်ပြီး ဆေး ကို့ကို ချစ်ခဲ့တယ်ဆိုတာရော။

ဆေး အခု ကို့အနားကနေ သွားတယ်ဆိုတာက...
ကို့ကို ဆေးမချစ်လို့ မဟုတ်ဘူးနော်။ကို က ဆေးကို မလိုအပ်တော့လို့... ကို့အနားကနေ ဆေး က ထွက်သွားပေးမှာ။ကို့ကို တစ်ခုတော့ ဆေး တော
င်းဆိုပါရစေ။ဆေးကို မချစ်တော့ဘဲနဲ့ ဆေးရဲ့အရိုးပြာကို သိမ်းမထားပါနဲ့။ကို အဲ့လိုလုပ်ထားတာက ဆေး ကို ပိတ်လောင်ထားသလိုပဲ။ဆေး
သွားချင်ရာကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးပါ။ဆေးကိုမချစ်တော့ရင် လက်လွတ်ပေးပါ။လက်မလွတ်ဘဲဆုပ်ကိုင်ထားရင် ဆေးရော ကိုပါ
နာကျင်ရတယ်။အဲ့ဒါကြောင့် ဆေး ကို အချုပ် အနှောင်ကနေ ထွက်သွားခွင့်ပြုပါ။အခုတော့... ဝေး
ဝေးကို မသွားနိုင်သေးပေမယ့်... ကိုနဲ့ ဝေးတဲ့ အဝေးဆုံး တစ်နေရာလေးမှာ သွားနေတော့မယ်။
ကို့ဆီက ပေးလာမယ့် လွတ်လပ်ခွင့်လေးက်ိုတော့
ဆေး အရမ်းမျှော်လင့်နေမိပါတယ်။ဆေးအတွက် လှပတဲ့ ချစ်ခြင်းတစ်ခု ဖန်တီးပေးခဲ့လို့လည်း အခုရှိနေတဲ့ တမလွန်ကနေ ကျေးဇူးတင်နေပါတယ် ကို "

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now