Part 2

9K 465 23
                                    

Unicode

ခြံထဲကပန်းတွေချိုးပြီးဖောက်သည်ပေးဖို့အတွက် အစည်း,စည်းနေရသည်။ သူတို့တစ်အိမ်သားလုံးမှာ ဖေဖေကမေမေချိူးပေးတဲ့ပန်းတွေကိုအိမ်ဘက်ကိုပြန်ပြန်လာပို့သည်။ ပန်းကတော့ မေမေနဲ့သူနဲ့နှစ်ယောက်ပဲအပွင့်အရှည်ညီအောင်ချိုးတတ်တာဖြစ်သည်။ ဖွားဖွားကသူနဲ့အတူပန်းတွေစည်းပေးပြီး စွတ်စွတ်ဖြူနေတဲ့နှင်းပန်းတွေက ဖောက်သည်လာယူမယ့်သူများအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရွာဈေးက ပန်းသည်တွေကိုဖောက်သည်ပေးဖို့လဲအဆင်သင့်ဖြစ်နေပြီ။ သူတို့အိမ်က ရွာအိမ်ခြေတွေနဲ့ အနည်းငယ်အလှမ်းဝေးပြီး တိတ်ဆိတ်သည်။ ခြံကကျယ်ဝန်းပြီးရှည်လျား၏။ ရွာထဲသွားမည့်မြေလမ်း ဟိုဘက်သည်ဘက်ကို ခြံထဲမှာပေါက်နေသည့်ဝါးရုံမှဝါးကိုခြမ်းကာ အကာအရံလုပ်ထား၏။ သဘာဝအလျှောက်မြက်ရိုင်းများ ပေါက်နေပြီး ဂွန်ဒေါင်းတွေကားတွေနဲ့ပန်းလာယူတာကြောင့် မြေကြီးတွင်ဘီးနေရာက မြက်မရှိပဲ အလည်လွတ်နေတဲ့တစ်လျှောက်မှာမြက်ရိုင်းလေးတွေကစီတန်းပေါက်နေ၏။ သူတို့အိမ်ကတော့အရမ်းမကြီး နှစ်ထပ်သစ်သားအိမ်ဟောင်းဖြစ်ပြီး အခန်းတွေလဲ သီးသန့်ကန့်ပေးထားသည်။ မြို့ပေါ်သွားမယ်ဆိုရင် သူတို့နဲ့အနီးဆုံး ရထားဘူတာမှစောင့်စီးရင် ၃ နာရီလောက်ဆိုမြို့ပေါ်ရောက်၏။ ကားနဲ့သွားလျှင် ၁ နာရီလောက်ပဲကြာတတ်ပြီး ကားရှိသူတွေကအချိန်ကုန်သက်သာစေရန်ကားနှင့်သွားသည်။ ရထားနှင့်သွားလျှင် တစ်ခါတစ်ရံရထားလမ်းချော်တာရှိတတ်၏။ သို့ပေမယ့် သူကတော့ရထားနဲ့သွားရတာကြိုက်၏ ပတ်ဝန်းကျင်ကိုဟိုကြည့်သည်ကြည့်ကြည့်ရင်း အတွေးနယ်ချဲ့လိုရသည်။ ရထားလမ်းတစ်လျှောက်က မြက်ပင်နှင့်တောထဲတွင်ပေါက်တတ်သည့်တချို့အရိုင်းအပင်များပေါက်နေတတ်ပြီး မိုးတွင်းဆိုလမ်းချော်တာရှိပြီး နွေရာသီတွင်တော့ခြောက်ခြောက်သွေ့သွေ့နှင့်အဆင်ပြေသည်။ သူကတော့ထိုသို့မဟုတ် မိုးရာသီကိုကြိုက်တဲ့အထဲမှာပါ၏။ မိုးစရွာလာပြီဆို တဖွဲဖွဲကျနေတဲ့မိုးရေထဲလမ်းလျှောက်ရတာကြိုက်ပြီး မိုးရာသီရောက်မှ ခြံထဲမှာကမြက်တွေကလဲစိမ်းစိမ်းစိုစိုနှင့်ပြန်ပေါက်လာတာဖြစ်သည်။ မိုးရာသီနှင့်တကွ သူကစိမ်းစိုနေတဲ့ပတ်ဝန်းကျင်ကိုကြိုက်တာဖြစ်၏။ စိတ်ညစ်လို့မိုးဖွဲဖွဲထဲလမ်းလျှောက်ထွက်ရင် စိတ်ညစ်စရာတွေပျောက်ကုန်သလိုခံစားရသည်။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now