Part 11

7.1K 450 12
                                    

Unicode

အိမ်ယာစီမံကိန်းရဲ့အိမ်ယာတွေပြီးစီးသွားတော့ လျှံထွဋ်ရောသူ့ဖေဖေရော နှစ်ယောက်စလုံးလိုက်စစ်ဆေးနေရတာဖြစ်သည်။ သူတို့စစ်ပြီးလို့ပြင်စရာမရှိတော့ဘူး ဆိုရင်ဖွင့်ပွဲလုပ်တော့မှာဖြစ်သည်။ ဖွင့်ပွဲမှာတစ်ခါထဲအရောင်းပါဖွင့်မှာဖြစ်၏။ ဒါကြောင့်လဲ သားအဖနှစ်ယောက်သေချာစစ်နေတာဖြစ်သည်။

"ဟိုကလေးနဲ့ကဘယ်လိုလဲ သား"

"သတ်မှတ်ထားတဲ့အတိုင်းဆက်ဖြစ်မှာပါ၊ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်ပြီးအချိန်တစ်ခုရောက်ရင် လက်ထပ်ပွဲလုပ်ဖို့ရည်ရွယ်ထားတယ် ဖေဖေ"

"အင်း အဲ့ကလေးနဲ့သေချာစကားမပြောဖူးပေမယ့် မေမေရွေးချယ်ထားတာဆိုတော့ပြောစရာတော့မလိုလောက်ဘူး၊ သားဘက်ကရော"

"ကျွန်တော်လဲ သဘောကျတယ် ဖေဖေ"

"အင်း အိမ်ဘက်ကိုလာခဲ့အုန်းလေ"

"ဟုတ်ကဲ့ သူကျောင်းပြန်ဖွင့်တော့မှာဆိုတော့ ကျူရှင်ရယ် ကျောင်းအပ်တာတွေရယ် နည်းနည်းအလုပ်ရှုပ်နေလို့၊ နောက်ရက် အိမ်မှာ တစ်ရက်နှစ်ရက်လောက်တော့လာနေအုန်းမယ်"

ဖေဖေနဲ့အိမ်ယာကိုလိုက်စစ်ပြီး နေ့လည်စာအပြင်မှာပဲစားလိုက်၏။ စားနေရင်းဖုန်းဝင်လာတော့ ချူးငယ်ဆီက

"ချူးငယ် ဘာဖြစ်လို့လဲ"

(ဦးလျှံ သားဆီသူငယ်ချင်းတွေကခဏလာချင်လို့တဲ့ အဲ့တာ ဦးလျှံဆီခွင့်တောင်းတာ)

"အင်း ခေါ်လိုက်လေ ကိုယ်ဘာလုပ်ပေးရအုန်းမလဲ"

(သူတို့ကအခုလာမှာ ဦးလျှံ၊ အပြင်ကနေစားဖို့ဝယ်လာမှာ သားသူတို့ကိုထွက်ခေါ်ယုံတင်)

"အင်း ပြန်လာရင်ဘာဝယ်ခဲ့ရအုန်းမလဲ"

(ရတယ် ဦးလျှံဘာမှမဝယ်ပါနဲ့၊ အဲ့ဒါဆိုသားဖုန်းချလိုက်မယ်နော်)

"အိုကေ"

ချူးငယ်ဖုန်းချသွားတာနဲ့

"ငါ့သားတောင် အချစ်ကိုရှာတွေ့ပြီပဲ"

"ဖေဖေကလဲ"

ဖေဖေ့ဆီကဒီလိုကြားရတော့တစ်မျိုးပင်။ ၃၀ နားနီးနေတဲ့ကိုယ်က အချစ်မရှာသလို ဖေဖေတို့ဘက်ကတိုက်တွန်းလာတာလဲမရှိ။ အချစ်ကအလိုလိုဝင်လာပြီး ဒီအပေါ်မှာဖေဖေတို့လဲလှိုက်လှိုက်လှဲလှဲရှိတော့သူကျေနပ်ပါသည်။ ဖေဖေနဲ့ရှိနေတုန်း သွန်းစံကိုပီဇာနဲ့အအေးဝယ်ကာပို့ခိုင်းမှဖြစ်မည်ဟုတွေးမိကာစာပို့လိုက်သည်။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now