Part 7

7K 485 22
                                    

Unicode
(Double up)

အစိုးရရဲ့အိမ်ယာစီမံကိန်း ပရောဂျက်ကို Peacock ကအနိုင်ရသွားတာဖြစ်ပြီး အားလုံးကလဲ အစည်းအဝေးတွေလုပ် budget တွေညှိပြီးအလုပ်ရှုပ်နေကြသည်။ စီမံကိန်းကြီးလေ သေချာစစ်ရလေဖြစ်ပြီး ငွေကိုသေချာစီစစ်ရ၏။ ဒီလိုအချိန်ဆို ငွေထွက်ပေါက်များပြီး ကိုယ့်အိတ်ထဲဖြည့်တဲ့လူတွေလဲရှိသည်။ သွန်းစံဆိုလဲ အိမ်ပြန်ချိန်နောက်ကျ လျှံထွဋ်ဆိုပိုဆိုး အောက်ခြေကတက်လာတဲ့ budget ကိုညဘက်ဉာဥ့်နက်အောင်စစ်ရသည်။ အားလုံးကိုသေချာစီစစ်ပြီးမှ လက်မှတ်ထိုး cheque မှာလက်မှတ်ထိုးသွန်းစံကိုပေးရ၏။

"MD နားပါတော့ လုပ်ငန်းစဖို့ပစ္စည်းတွေစစုနေပြီ၊ ထူးခြားရင် သွန်းစံပြောပါမယ်"

"သွန်းစံလဲ ဒီရက်ပိုင်းပင်ပန်းရပြီ၊ စီမံကိန်းပြီးရင် နားရက်ရှည်ပေးမယ် အခုတော့သည်းခံလိုက်ပါအုန်း"

"ဟုတ်ကဲ့"

သွန်းစံထွက်သွားမှ ‌ဆုံလည်နောက်ကိုမှီချလိုက်တော့သည်။ အခုရက်အတွင်းသူပင်ပန်းတာသူပဲသိသည် အအိပ်အစားတောင်မမှန်ချင်။ မျက်လုံးတွေပိတ်ကာခဏနားနေချိန် ဖုန်းက alarm မြည်လာ၏။ ယူကြည့်လိုက်တော့ ချူးငယ်ရဲ့စာမေးပွဲနောက်ဆုံးရက်ကို alarm ပေးထားတာဖြစ်သည်။ ဒီရက်ပိုင်းအတွင်း ကလေးနဲ့မျက်နှာချင်းဆိုင်တောင်မဆုံဖြစ်။ သူဘာမှဆက်မတွေးတော့ ရှပ်အင်္ကျီကိုပြင်လိုက်ပြီး ကုတ်ယူကာ ကားသော့ဆွဲပြီးထွက်ခဲ့လိုက်သည်။ အချိန်ကြည့်တော့ စာမေးပွဲတောင်ပြီးတော့မှာ အချိန်မမှီမှာစိုးရသည်။

ကားမောင်းထွက်လာရင်း မိုးကအုံ့လာ၏။ တဖြည်းဖြည်းနဲ့မိုးကရွာလာပြီး ဖုန်းခေါ်တော့ကလေးကဖုန်းမကိုင်။ သူကျောင်းရှေ့ရောက်တော့ ကျောင်းသားတစ်ယောက်စနှစ်ယောက်စပဲတွေ့ရတော့သည်။ ကားကိုကွေ့ကာအိမ်ပြန်တဲ့လမ်းကြောင်းအတိုင်းပြန်မောင်းလာခဲ့တော့ တစ်နေရာအရောက်ကားကိုချက်ချင်းဘရိတ်အုပ်လိုက်ရ၏။ မိုးရွာနေတာကိုပလပ်ဖောင်းပေါ်မှာအဆောင်းမရှိပဲကျောပိုးအိတ်လွယ်ကာလမ်းလျှောက်ပြန်နေတဲ့ ချူးငယ်ကြောင့်ပင်။

ကျစ်!

သူပလပ်ဖောင်းဘက်ကားကိုကပ်လိုက်ရင်း

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now