Part 14

7.5K 502 19
                                    

Unicode

ကျောင်းမှာထွက်သွားတဲ့သတင်းနဲ့အတူ Peacock ကလျှံထွဋ်ကစေ့စပ်ပြီးသားဆိုတာရယ်၊ စေ့စပ်ထားသူက ယောက်ျားလေးတစ်ယောက်ဆိုတာရယ် သတင်းတွေပြန့်ကုန်၏။ ထိုသတင်းနဲ့ပတ်သက်ပြီးအတည်ပြုချင်နေကြတဲ့သူတွေလဲရှိသည်။ ရုံးဖုန်းကို တဂွမ်ဂွမ်ဆက်နေတဲ့သတင်းသမားတွေရယ်၊ PA ဖုန်းကိုဆက်နေတဲ့သူတွေရယ်။ သူတို့ဘယ်လိုဆက်ဆက် Peacock ကတေမိမင်းသားလိုပင် လုံးဝစကားသံထွက်မလာ။ သို့ပေမယ့် နာရီပိုင်းအကြာမှာတော့ သတင်းတစ်ခုတက်လာ၏။ ဒါက Peacock ကတရားဝင်ထုတ်ပြန်ကြေငြာချက်တစ်ခုပင်။

{Peacock Inc. Co., Ltd. ၏ Managing Director လျှံထွဋ် အမျိုးသားတစ်ယောက်နဲ့စေ့စပ်သည့်သတင်းမှာအမှန်ဖြစ်ကြောင်း၊ စေ့စပ်ထားတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ စေ့စပ်ထားသူအမျိုးသားမှာ အဖိုးအဖွားတွေလက်ထက်ထဲကသဘောတူညီထားတဲ့သူဖြစ်ကြောင်း၊ Peacock ဦးလွင်ဦးအနေနဲ့သမက်လောင်းကိုထုတ်မပြသေးသည်မှာ သားဖြစ်သူလျှံထွဋ်၏သတို့သားလောင်းကငယ်သေးတာကြောင့်‌ဖြစ်ကြောင်း}

ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်နဲ့အတူ ရှားရှားပါးပါးနှင်းပန်းခင်းထဲမှာရိုက်ထားတဲ့အပြုံးအရယ်မရှိတဲ့ အမျိုးသားနှစ်ယောက်။ ထိုပုံကိုကြည့်ပြီး လျှံထွဋ်ကကောင်လေးကိုမချစ်ဘူး၊ မိဘတွေသဘောတူညီချက်ကိုလက်ခံပေးလိုက်တဲ့သဘောပဲ၊ ကောင်လေးကချစ်ဖို့တော့ကောင်းသားပဲ၊ အဂ္ဂမဟာက အဂ္ဂထွန်းကျော်နဲ့ကဘာလိုလိုမဟုတ်ဘူးလား၊ သူ့ကိုသိတယ် သူကတို့ကျောင်းမှာတက်တာ အေးအေးလေးနဲ့ချစ်စရာလေး၊ စသည်ဖြင့်တစ်ယောက်တစ်ပေါက်ထင်မြင်ချက်ပေးနေကြသည်။ သို့ပေမယ့် မိနစ်ပိုင်းအကြာမှာတော့ လျှံထွဋ်ကကောင်လေးကို မိဘသဘောကျအတိုင်းလက်ခံတယ်ဆိုတဲ့ ထင်မြင်ချက်တွေပိတ်သွားစေမယ့်ပုံကထက်တက်လာ၏။ လျှံထွဋ်ရဲ့သွယ်လျတွေလက်ချောင်းထက်မှာ စေ့စပ်လက်စွပ်ရှိနေသလို သူကိုင်ထားတဲ့ တစ်ဖက်က လက်ဖောင်းဖောင်းလေးနဲ့လက်သည်းခွံကြည်ကြည်လေးရှိသည့်လက်မှာလဲ ဆင်တူစေ့စပ်လက်စွပ်တစ်ကွင်းရှိနေတယ်မလား။ လက်ဖောင်းဖောင်းလေးရဲ့လက်‌ချောင်းလေးတွေကိုအုပ်ကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်ရှည်ရှည်ရှိလှတဲ့လက်တစ်စုံ။ တူညီတဲ့စေ့စပ်လက်စွပ်တစ်စုံကြည့်ယုံနဲ့ လျှံထွဋ်တို့ဆိုတာလူတိုင်းသိလိုက်၏။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now