Part 3

7.4K 495 20
                                    

Unicode

ပြန်ရောက်ထဲက အိမ်မှာတစ်ပတ်လား‌ပဲနေပြီး ဇာတိမြေကိုသွားမယ်ဆိုလို့ ဖေဖေ့လူယုံမင်းထိုက်က လိုက်ပို့ပေးတာ ၁ပတ်ရှိပြီ ပြန်မလာသေး။ သူသီးသန့်နေလို့ရအောင် ခြံဝန်းနဲ့အိမ်ကိုလဲဖွားဖွားကိုယ်တိုင်ဒီရောက်မှ ချက်ချင်းဝယ်ပြီးပြုပြင်ပေးထား၏။ ဖွားဖွားကိုသူလိုက်မမှီတော့ ဖွားဖွားကသူ့ကိုသီးသန့်ခွဲထွက်နေလို့ရအောင်လုပ်ပေးနေသလိုပင်။

Peacock Inc. Co.,Ltd. မှာဝန်ထမ်းတွေကရုံးတက်မပျင်းပဲတက်ကြွနေ၏။ အဲ့လိုဖြစ်တယ်ဆိုတာလဲ တရားခံက လျှံထွဋ်ကြောင့်ပင်။ လျှံထွဋ်ရုံးစတက်ထဲက သူမကြိုက်တဲ့စည်းကမ်းချက်တွေပြင်လိုက် ရသင့်တဲ့ခံစားခွင့်တွေ‌ကိုသတ်မှတ်စသည်ဖြင့် အားလုံးကိုအသစ်သဖွယ်ခဏလေးနဲ့ပြောင်းလဲလိုက်တာဖြစ်သည်။ အရပ်အရှည်ကြီးနဲ့စိမ်းဖန့်ဖန့်ပါးသိုင်း‌‌မွှေးရှည်လျားတဲ့လက်ဆံခြေဆံတွေက အားလုံးရဲ့အားကျမှုကိုရနေတာဖြစ်သည်။

"ဟလို ဖွားဖွား"

(မြေး ဖွားဖွားဆီလိုက်လာခဲ့)

"ဖွားဖွား ဘာဖြစ်လို့လဲ၊ တစ်ခုခုဖြစ်လို့လား"

(အင်း ဒီကဖွားနန်းစောက ဒီနေ့ပဲဆုံးသွားတာ သားလိုက်လာမှဖြစ်မယ်)

ဖွားဖွားကဝမ်းနည်းနေတဲ့အသံပေါက်နေ၏။ သို့ပေမယ့်အသက်မှီလိုက်တော့ တော်သေးတယ်ပြောရမည်။ သူအမြန်လိုက်သွားဖြစ်မည် ဖွားဖွားကဝမ်းနည်းနေလောက်၏။

>>>>>>>>>>>>>

"ချိုသဲ သမီးလာအုန်း"

"ဟုတ်ကဲ့ အန်တီနန်းမာ"

"အန်တီပြောတာသချာနားထောင်နော် အန်တီနဲ့သမီးမေမေက တိုင်ပင်ထားတဲ့အတိုင်း သားချူးငယ်ကို အန်တီမာစောင့်ရှောက်ချင်တယ်၊ ကလေးကလဲ ၁၀တန်းအောင်ပြီးပြီဆိုတော့ ရန်ကုန်ကိုခေါ်သွားချင်တယ်၊ ကျောင်းလဲဆက်ထားပြီးသူ့ရဲ့ရှေးရေးကိုတာဝန်ယူချင်တယ်"

"ဟုတ်ကဲ့ အန်တီမာ"

"နောက်တစ်ခုရှိသေးတယ် သမီးသေချာနားထောင်နော်၊ နန်းစောမဆုံးခင် တီမာနဲ့နန်းစောနဲ့က သားလေးချူးငယ်ကို တီမာ့မြေးလျှံထွဋ်နဲ့လက်ဆက်ပေးချင်တယ်"

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now