Part 8

7.2K 477 6
                                    

Unicode

လျှံထွဋ်မှာ ရှူးတည်ပေးတဲ့အကြောင်းပြောပြလိုက်ထဲက ချူးငယ်က တစ်ရက်တစ်ရက်သူ့ကိုမြင်ရင် လှစ်ကနဲလှစ်ကနဲနဲ့သူ့အခန်းထဲဝင်ဝင်ပြေးသွားတာကြည့်ပြီး ပြုံးရတာအခါခါ။ တစ်ကယ်ပါ အဲ့ညကချူးငယ်ကသူ့အပေါ်တက်မအိပ်ယုံတမယ်။ ခွလိုက်ခြေထောက်တွေပြန်ချလိုက်ဖက်လိုက်ရင်ခွင်တိုးဝင်လိုက်နဲ့။ သန်းခေါင်ကျော်လဲကျော်ရော 'ရှူးပေါက်ချင်လို့' ဆိုပြီးမျက်လုံးမဖွင့်ပဲရေရွတ်နေတာ။ သူချီသွားတော့လဲ သူ့လည်ပင်းကိုဖက်လိုက်သည်။ ရေချိုးခန်းထဲရောက်လို့ ဘိုထိုင်ဘက်တည်ပေးတော့လဲ သူ့ဘောင်းဘီသူချွတ်နေတာအိပ်ချင်မူးထူးနဲ့ချွတ်မရ။ ဒါတောင် သူ့ကိုမှီထားသေးတာ။ နောက်‌ဆုံးတော့ နောက်ကဖက်ပြီးဘောင်းဘီဆွဲချပေးတော့မှပေါက်တော့သည်။ ဒါတောင်လက်ကမကိုင် ရှူးတစ်စက်နှစ်စက်ထွက်လာနေတဲ့အထိတောင် မကိုင်တော့အပေါက်မတည့် သူကိုယ်တိုင်ကိုင်ပေးလိုက်ရတာ။ ဒါကိုများပြောပြလိုက်ရင် အခန်းထဲကအပြင်တောင်ထွက်ပါ့မလားမသိ။ အိပ်နေတဲ့ကလေးကိုအသားယူသလိုဖြစ်သွားမလားတော့မသိ ချစ်ဖို့ကောင်းလွန်းနေတော့ ‌နဖူးလေးကိုနမ်းလိုက်သေးသည်။

သူအိပ်မရတဲ့အတူ ချူးငယ်ရဲ့တစ်ညလုံးဘယ်လိုအိပ်တတ်လဲဆိုတာကမှအစ သူကြည့်နေတာ။ သူ့ဘဝထဲ ရုတ်တရက်ဖွားဖွားစီစဉ်ပေးမှုနဲ့ဝင်ရောက်လာတဲ့‌ကလေး။ ကလေးနဲ့စေ့စပ်ရမယ်ဆိုတော့ ပိုက်ဆံကိစ္စကြောင့်လားထင်မိသွားသေးတာ။ ယောက်ျားလေးတစ်ယောက်နဲ့လက်ထပ်ရတာလဲပါပြီး စိတ်ရှုပ်နေတာ။ သို့ပေမယ့် အိမ်မှာသူနဲ့အတူနေတဲ့အချိန်ကလေးရဲ့ ချစ်ဖို့ကောင်းတာရော ရိုးသားတာရောသူသိလိုက်တယ်မလား။ ကိုယ့်ကိုကြောက်ပြီး အင်္ကျီအောက်စကိုလိပ်တာကမှအစ၊ ကိုယ့်အရိပ်အကဲကြည့်ပြီး နေ‌,နေတာမှအဆုံး မျက်စိထဲကမထွက်။ ကိုယ်ဆူမယ်ထင်ရင် မျက်လွှာလေးချကာ ခေါင်းငုံသွားတာကအစ ချစ်ဖို့ကောင်းသည်။ လက်ကလေးနှစ်ဖက်ပူးလိုက်တာရော လက်သည်းတွေအချင်ချင်းခြစ်နေတာမှအဆုံး။ မနက်ဆို သနပ်ခါးအလုံးလေးတွေလူးထားတဲ့မျက်နှာက သူ့အမြဲမြင်တွေ့ချင်တဲ့မျက်နှာလေးဖြစ်လာတာ။ သူကိုယ်တိုင်လဲသတိမထားမိ။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now