Part 4

7K 484 8
                                    

Unicode

ဒေါက်~ဒေါက်

တံခါးခေါက်ပြီး ခဏအကြာမှတံခါးလာဖွင့်ပေး၏။ တီရှပ်လက်တိုနှင့်ပုဆိုးဝတ်ထားတာတွေ့တော့အဝတ်အစားဝယ်ပေးဖို့လဲစိတ်ကူးမိသား။ အိပ်ယာပြောင်းလို့အိပ်မပျော်တာက မျက်လုံးမှာအထင်းသား အသားဖြူဖြူ ပါးမှာသွေးကြောသန်းနေပြီးမျက်ကွင်းကအနည်းငယ်ညိုချင်နေသည်။ သို့ပေမယ့် ဒီနေ့ဖွားဖွားဆီသွားပြီးဖေဖေနဲ့မေမေ့ဆီခေါ်သွားပြရအုန်းမယ်လေ။ မေမေဆိုသိသိချင်းအံ့ဩပြီးဘာမှမပြောနိုင်။ ဖွားဖွားစီစဉ်တာဆိုတော့ငြိမ်နေရတာဖြစ်သည်။ မနေ့ကတော့ခရီးကပြန်ရောက်ရောက်ချင်းမို့လို့ ဒီနေ့တော့ခေါ်သွားရတော့မှာ။

"ကိုယ့်ဖွားဖွားရှိတဲ့အိမ်ခဏသွားရမယ်"

"ဟုတ်ကဲ့"

အခန်းတံခါးကိုသေချာပြန်ပိတ်ပြီးသူ့နောက်နေကုတ်ကုတ်,ကုတ်ကုတ်နှင့်လိုက်လာ၏။ သူတိကနဲရပ်လိုက်တော့သူ့ကျောကိုမျက်နှာလာဟပ်တော့သည်။ အဲ့တော့မှပြာပြာသလဲနောက်ဆုတ်ကာခေါင်းငုံထား၏။ လျှံထွဋ်နောက်လှည့်ကြည့်လိုက်ပြီး

"ခေါင်းမော့"

ပြုးတူးကြောင်တောင်လေးနှင့်သူ့ကိုကြည့်ရှာ၏။

"ခါးဆန့်ထားစမ်း၊ မင်းကအပြစ်သားမဟုတ်သလို ဘယ်သူကမှမင်းကိုဒီလိုနေရမယ်လို့မပြောဘူး၊ ခါးကိုဆန့်ပြီးလမ်းလျှောက်မယ် ခေါင်းကိုငုံ့ထားစရာမလိုဘူးကြားလား"

"ဟုတ်ကဲ့....ဟို"

"စကားပြောရင် တွန့်ဆုတ်တွန့်ဆုတ်နဲ့မလုပ်နဲ့ကိုယ်မကြိုက်ဘူး မင်းဘာဖြစ်ချင်လဲဘာသိချင်လဲ ပွင့်ပွင့်လင်းလင်းပြော"

"သားကိုနောက်ရက်ဈေးဘယ်မှာရှိလဲလိုက်ပြလို့ရမလား ဦးလျှံ"

"ဦးလျှံ??"

"ဟို ဘယ်လိုခေါ်ရမလဲမသိလို့"

အေးလေ ၁၀ နှစ်ကျော်ကွာနေတာ ဦးတပ်ခေါ်တော့မှာပေါ့။

"ရတယ် အဆင်ပြေသလိုခေါ်"

"ဟုတ်"

မနေ့ကထက်စာရင်တော့ဒီနေ့စကားအနည်းငယ်ပြောလာ၏။ သူခေါ်တော့လဲ ငြိမ်ငြိမ်ကုတ်ကုတ်လိုက်သည်။ ဟိုဘက်အိမ်ရောက်တော့လဲ သူ့အနားကမခွာ ကပ်နေတာမဟုတ်ပေမယ့် ခပ်ခွာခွာလေးနဲ့သူ့ဘေးမှာပဲနေ၏။ ဒီအိမ်ကအသစ်တွေ့ရမယ့် မေမေတို့နဲ့စာရင်သူကသိပြီးသွားသူဖြစ်သွားပြီမလား။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now