Part 6

6.9K 478 8
                                    

Unicode

သွန်းစံမှာ အိမ်တိုင်ရာရောက် ကွန်ပြူတာသင်ပေးသူကိုစုံစမ်းပြီး အစ်ကိုလျှံထွဋ်အိမ်ကိုပို့ပေးရသေးသည်။ ပို့ပေးယုံတင်မဟုတ် အိမ်မှာရှိတဲ့ကလေးအတွက်လဲ laptop တစ်လုံးဝယ်ပြီးတဲ့အပြင်အခန်းထဲမှာ Desktop ပါဆင်ပေးပါလို့ဆိုလာတဲ့သူဌေးကြောင့် ချူးငယ်အခန်းထဲသူမကိုယ်တိုင်ရောက်နေပြီဖြစ်သည်။ အခန်းထဲဝေ့ကြည့်တော့ MD ကိုလိုက်မှီတယ်ပြောရမယ် အခန်းကရှင်းနေပြီးပစ္စည်း‌တွေကသူ့နေရာနဲ့သူစီစီရီရီရှိသည်။ သွန်းစံကို MD ကအရိပ်အမြွက်ပြောထားတာကြောင့် ချူးငယ်က MD နဲ့စေ့စပ်ထားသူမှန်းသူမသိ၏။

"မမ ဆရာကဘယ်အချိန်တွေလာမှာလဲဟင်"

"ကွန်ပြုတာတစ်ခုထဲတင်မဟုတ်ဘူးကလေး၊ English စာဆရာပါလာမှာ ကွန်ပြူတာဆရာက မနက် ၁၀ နာရီလာမှာ သူအချိန် ၂နာရီယူလိမ့်မယ်၊ english ဆရာက နေ့လည် ၁ နာရီလာလိမ့်မယ်"

"ဟုတ်"

"ကလေး ဘာတက်ချင်သေးလဲ မမကိုပြော လိုအပ်တာရှိရင်လဲ မမကိုပြောနော်"

"ဟုတ်ကဲ့"

ချူးငယ်ကိုကြည့်မိပြီးသွန်းစံကိုယ်တိုင်ကိုယ့်မောင်လေးလိုချစ်မိသည်။ MD ချစ်တာလဲမဆန်း ချူးငယ်ကတကယ်ကိုချစ်ဖို့ကောင်း၏။ ချစ်တာကိုထုတ်မပြပဲ ရုံးမှာဆို သူမကိုအမြဲတိုင်ပင်သလို အကြံဉာဏ်တောင်းသလိုလိုနဲ့ ကလေးတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်တတ်လဲအစရှိသဖြင့်တစ်ရက်တစ်ရက်မမေးတာမရှိ။ ပညာရေးပိုင်း သင်တန်းထားတာကတော့ သူမအကြံပေးစရာမလိုအောင် အစ်ကိုလျှံထွဋ်ကစီစဉ်ပေးနိုင်သည်။ ဒါကလဲ ညဘက် ချူးငယ်နဲ့ ဘာသင်တန်းတက်ချင်လဲ ချူးငယ်ကလုပ်ငန်းခွင်ဝင်ချင်တာဆို ဘာသင်တန်းကအထောက်အကူပြုတယ် ဆိုပြီးတိုင်ပင်လို့ဖြစ်၏။ ချူးငယ်ကိုကြည့်ရတာလဲ အစ်ကိုလျှံထွဋ် ဘာထားထားတက်မယ့်ပုံ။ ချူးငယ်ကအရင်လောက်သူ့ကိုမစိမ်းတော့ဘူး စကားပြောပြီ စသည့်ဖြင့်သူမပြန်ကြားနေရတာလဲ မရိုးနိုင်အောင်ပင်။

ချူးငယ်မှာအခုတော့ မနက်စောစောထ ဈေးသွား ဘုရားပန်းကပ် အခန်းထဲကပန်းအိုးတွေလဲ ဦးလျှံအတွက်မနက်စာပြင်ပေး။ ပြီးတာနဲ့ ကွန်ပြူတာသင် နေ့လည်ကြတော့ အင်္ဂလိပ်စာသင်ရနဲ့ဖြစ်နေသည်။ အိမ်မှာသုံးတာတွေအတွက်တော့ ဦးလျှံထည့်ပေးထားတဲ့ပိုက်ဆံတွေနဲ့သုံးပြီး သူ့အတွက်တော့ဘာမှမဝယ်ရအောင် လိုလေးသေးမရှိ ဦးလျှံကဝယ်ဝယ်လာပေးတတ်သည်။ စာသင်ဖို့ကိုတော့ သူ့အခန်းထဲမှာဦးလျှံကမသင်ခိုင်း အောက်ထပ်ကဧည့်ခန်းကနေ တိုက်ရိုက်မြင်ရတဲ့မှန်နဲ့ကာထားတဲ့အခန်းထဲမှာသင်ရ၏။

ချစ်ရပါသော...(Complete) Uni & ZawgyiWhere stories live. Discover now