Part 1 (U)

535 19 0
                                    


အပိုင်း၁။

မျက်ခြယ် စံအိမ်.....

ခြံကျယ်ကြီးထဲ ခမ်းနားထည်ဝါစွာတည်ဆောက်ထားတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးအတွင်း စိန်ပွဲစား ဒေါ်ဆုကလျာ ဧည့်ခန်းမှာထိုင်လျက် မြေးလေး ဆင်းအလာကို စောင့်နေသည်။ တစ်ဉီးတည်းသော မြေးလေးကို စာမေးပွဲကာလတစ်လျှောက်လုံး စောင့်ပြီး ကြိုပို့လုပ်ပေးနေခဲ့တာ ဒေါ်ဆုကလျာ မမောနိုင်။ မောရတာက သမီးနဲ့ သားမက်တို့ မြေးလေးအကြောင်းပြုပြီး ခဏခဏစကားများနေကြတာကိုပဲဖြစ်သည်။ အခုလည်း မြေးလေးက တော်တော်နဲ့ အိမ်အောက်ဆင်းမလာ စာမေးပွဲအချိန်က နီးနေပြီ။ မိချောင်းသားရေလက်ကိုင်အိတ်ထဲက ဖုန်းကိုထုတ်ပြီး မြေးလေးဆီ ဆက်လိုက်ရသည်။

"မြေးရေ.. အချိန်ကပ်နေပြီကွဲ့ ဆင်းလာတော့လေ။ မုန့်စားအုံးမှာမဟုတ်လား"

ဆူးရိပ်ကို အဘွားရဲ့ ဖုန်းကို ပြန်မဖြေဘဲချပစ်လိုက်သည်။

ဟွန်း အဘွားက ဘာမှမသိဘူး။ ဆူးရိပ်ကို စာမေးပွဲတောင် သွားမဖြေချင်တော့။ အိမ်ပေါ်ထပ် ဧည့်ခန်းထဲမှာ ဖေဖေနဲ့ မေမေ စကားများနေကြပြန်ပြီလေ။ အကြောင်းရင်းက ဆူးရိပ်ကိုကြောင့်ပဲမဟုတ်လား။

ဧည့်ခန်းနဲ့ လှေကားထိပ်မှာ နံရံကိုကပ်ပြီး မိဘတွေစကားများနေတာကို မျက်ရည်တွေနဲ့ နားထောင်နေတဲ့ .. ဆူးရိပ်ကို

🌼🌼 ဆူးရိပ်ကို.. ကိုယ့်ကိုယ်ကို ဆူးလို့ ကနွဲ့ကလျ ဆိုတတ်တဲ့ ဆူးဆိုတာ သန်လျှင်မြို့ မျက်နှာဖုံး မြေပိုင်ရှင် စိန်ပွဲစားသူဌေးမကြီး ဒေါ်ဆုကလျာရဲ့ တစ်ဉီးတည်းသောမြေး။ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းဖြန့်ချိတဲ့ ဆိုင်ပိုင်ရှင် ဉီးထက်မြက်နိုင် နဲ့ မျက်ချယ်စိန်ထည်တိုက်နဲ့ ရွှေပန်းတိမ်လုပ်ငန်းပိုင်ရှင် ဒေါ်ဆုမြတ်ချယ်တို့ရဲ့ တစ်ဉီးတည်းသောသား ပင်ဖြစ်သည်။

သူဌေးကြီး ဉီးထက်မြက်နိုင်နဲ့ စိန်ထည်တိုက်ပိုင်ရှင် ဒေါ်ဆုမြတ်ချယ် ဆိုရင် ချမ်းသာသလောက် အလှူအတါန်း ရက်ရောသည်ဆိုတဲ့ နာမည်ဂုဏ်သတင်းကလည်း လူတိုင်းလေးစားလောက်စရာ မွှေးပျံ့နေခဲ့တာ သန်လျင်မြို့လေးမှာ သူတို့မိသားစုကိုမသိတဲ့သူမရှိသလောက်ပင်။ မိဘအမွေကို လက်ထက်ပွားလုပ်ငန်းထပ်မံချဲ့ထွင်နိုင်တာကြောင့် ဆူးမိဘတွေရဲ့ အသိမိတ်ဆွေ နှင့် အလုပ်သမားများဆိုတာ တစ်မြို့လုံး အနှံ့အပြား၊ ဂုဏ်ဒြပ်နဲ့တောက်ပတဲ့ မိသားစုဆိုလျှင်လည်း မမှားပေ။

ဆူးရိပ်အတာWhere stories live. Discover now