Final (U)

310 12 2
                                    


အပိုင်း ၆။

"ဆူးရိပ်ကို .. ရော့ ခင်ဗျားက လမ်းတစ်လျှောက် ထွန်းလာခဲ့။ ကျွန်တော် ခြံထဲပတ်ပြီးထွန်းလိုက်မယ်။ ခြံစည်းရိုးမှာထွန်းဖို့ ကျွန်‌တော့်ကိုစောင့်အုံးနော်။ အမေရေ.. သားဖယောင်းတိုင်တွေ ဘုရားစင်မှာစိုက်ထားခဲ့ပြီ။ အမေမီးညှိပြီး ဘုရားပူဇော်လို့ရပြီနော်။ သားတို့ ဖယောင်းတိုင်ထွန်းပြီးမှ အမေ့ကို လမ်းလျှောက်ဖို့လာခေါ်မယ်"

ဒီလောက်ပျော်နေတတ်တဲ့ ပုံစံမျိုး မမြင်ဖူးလို့ထင်ပါရဲ့.. ဖယောင်းတိုင်နဲ့ မီးခြစ်လေးကိုင်ကာ ခြံထဲဆင်းသွားတဲ့ အတာ့နောက်ကျောကို ဆူးငေးရင်း ရင်ခုန်လှုပ်ရှားနေမိသည်။

"အန်တီလတ်.. အတာက အတော်ပျော်နေတာပဲ။ သီတင်းကျွတ်က ဘာအဓိပ္ပါယ်ရှိလို့လဲ"

"အတာက ငယ်ငယ်တည်းက သီတင်းကျွတ်ကို ပျော်တာ ဆူးကလေးရဲ့။ သူ့အဖေကလေ.. သီတင်းကျွတ်ပြီဆိုတိုင်း.. အလုပ်တွေနားလိုက်ပြီး မိသားစုလိုက် ခရီးထွက်တာတို့... လမ်းထဲမှာ စတုဒိသာကေျွးတာတို့..လုပ်ပေးနေကျလေ။ အန်တီလတ် ကျန်းမာရေးမကောင်းတော့လို့ အကြီးအကျယ်ကြီးမလုပ်နိုင်တော့တာ‌ေတာင် သူတို့သားအဖက ဗန်ဒါရွက်လေးတွေကိုမီးပုံးလုပ်ပြီး တစ်လမ်းလုံးအပြည့့် မီးထွန်းခဲ့ကြတာ။ သူ့အဖေနဲ့အတူရှိခဲ့တဲ့ အချိန်တွေကို သတိရလု့ိထင်ပါရဲ့ ဆူးလေးရယ်"

"အတာ့အဖေက ဘယ်လိုဆုံးသွားတာလဲ အန်တီလတ်.. အတာ့အဖေဆုံးသွားလို့..အန်တီလတ်တို့ကို ဖေဖေက ဒီကိုခေါ်လာတာဆို"

"ကားတိုက်ခံရတာ ဆူးလေး။ အတာ့အဖေကို နှလုံး‌ေရာဂါခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်က.. ကားမောင်းနေတုန်း ရှောခ်ရပြီး.. တိုက်မိတာလေ။ တိုက်တဲ့သူရော အတိုက်ခံရတဲ့သူပါ.. နေရာတင်ပဲ ပွဲချင်းပြီးဆုံးရှာတယ်ကွယ်"

ဆူးရိပ်ကို ရင်ထဲ ဖျဉ်းကနဲ... စူးနစ်သွားပြီး ပက်လက်ကုလားထိုင်ပေါ်ကနေ ခြံထဲမှာ ဆီမီးလိုက်ထွန်းနေတဲ့ အတာ့ကို လှမ်းကြည့်ကာငေးနေတဲ့ အန်တီလတ်ဆီ အလန့်တစ်ကြားကြည့်လိုက်မိသည်။

"ဒါ... ဒါဆို.. အတာက .. ဟို..ဟို.."

"ဟုတ်ပါတယ် သားဆူးလေး။ အတာကလေ.. အဲ့ဒီကိစ္စကို ဘယ်သူ့ကိုမှ မသိစေချင်လို့ အန်တီ့ကိုတောင် မပြောဘဲ ဖုံးကွယ်ထားတယ်ကွယ်။ သားကရော အခုမှသိတာလား"

ဆူးရိပ်အတာTahanan ng mga kuwento. Tumuklas ngayon