Part 5 (U)

176 10 0
                                    


အပိုင်း ၅။

ဇန္နဝါရီလ နောက်ဆုံးပါတ်မို့ ဆောင်းရဲ့ အငွေ့အသက်တွေက ခြံထဲမှာလွှမ်းခြုံနေလေပြီ။ ညနေ ၅ နာရီကျော်ပဲရှိသေးပေမယ့် ဆောင်းဝင်လာပြီမို့လို့ မှောင်တာမြန်သလိုပင်။ အတာပြန်လာလောက်တော့မည်။ အတာပြန်လာရင် ညစာစားဖို့ အဆင်သင့်ဖြစ်စေရန် ဆူးရိပ်ကို ဒယ်နီလေးကို မီးဖွင့်လိုက်ပြီး အတာမနက်က ပြင်‌ပေးထားခဲ့တဲ့ ဟင်းကိုနွှေးလိုက်သည်။ အန်တီလတ်ရဲ့ အခြေအနေကို ဆူးသိပ်အားမရ။ အရေးကြီလာရင်တော့ အတာ့ကို ဆူးဘွားဘွားပေးထားတဲ့ ပိုက်ဆံတွေပေးပြီး ဆေးရုံတင်ခိုင်းရမယ်။ မဟုတ်ရင် အတာ သိပ်ပင်ပန်းနေရှာပြီလေ။

ဟင်းနွှေးပြီး အိမ်ရှေ့ ဝရန်တာ ကပြင်မှာ ထိုင်မိရုံရှိသေး ခြံရှေ့က လူတစ်ယောက်က ဆူးကိုလှမ်းအော်နေတာမို့ ဆူး ခြံထိပ်ကို ဆင်းလာခဲ့သည်။

ခြံအပြင်က ကိုဗညား။ ဆူး ခြံစည်းရိုးတံခါးကိုဖွင့်လိုက်တော့ ခြံထဲကို ဇွတ်တိုးဝင်လာပြီး ဆူးလက်ကို ဆွဲကာ ယမ်းလာတာမို့ ဆူး ကိုဗညားလက်တွေကို အမြန်ဖယ်ထုတ်ပစ်လိုက်ရသည်။

"ဘာဖြစ်လာတာလဲ ကိုဗညား။ ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့ဗျ"

"ဆူးလေး။ ကိုယ်က အရမ်းသတိရနေတာကွာ။ ဆူးက ကိုယ့်ကို အခုတော့ မေ့နေပြီလား ဟင်။"

ဟိုတုန်းက ဆူးပေးတဲ့လက်ဆောင်တွေနဲ့တင် ကျေနပ်နေပြီး ဆူးကိုဆို အဖက်သိပ်မလုပ်ချင်ခဲ့တဲ့ ကိုဗညားက ဘာတွေလာဖြစ်နေတာပါလိမ့်။

"ဆူးကလေး ကိုယ့်ကို မချစ်တော့ဘူးလားဟင်။"

ပါးကိုညှစ်ရင်း ညုတုတုပြောတာလာတဲ့ ကိုဗညားကို ဆူး အတော်အော်ဂလီဆန်လာရသည်။

"ကျွန်တော် .. လွှတ်ပါအုံးဗျ ကိုဗညား။ ကျွန်တော် ကိုဗညားကို မချစ်ပါဘူး။ ကိုဗညားလည်း ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာမှမဟုတ်တာ။"

"ဟာ .. ဆူးလေး ဘယ်လိုပြောလိုက်တာလဲ။ ကိုယ်ဆူးလေးကို စိတ်မဝင်စားဘဲ တွဲခဲ့ပါ့မလား။ ဘာလဲ ဆူးလေးက ဟိုခြံစောင့်ကို အလေးသာနေတာလား။ ဆူးလေးမသိသေးတဲ့အကြောင်းကိုယ် မပြောချင်လဲ ပြောရတော့မှာပဲ ဒါဆို"

ဆူးရိပ်အတာWhere stories live. Discover now