Part 2 (U)

213 14 0
                                    


အပိုင်း ၂

ကျိုက်ခေါက်ဘုရားလမ်းကနေ ကွေ့ဝင်လိုက်လျှင် ဇာမဏီဆည်ကြီးကိုသွားတဲ့လမ်းအသွယ်သွယ်ရှိသည့်အနက် လမ်းတစ်ဘက်တစ်ချက် ခရေပင်တန်းများဝေဝေဆာဆာစိုက်ပျိုးထားတဲ့ အရိပ်ရလမ်းလေးတစ်ဆုံးကို လျှောက်လာခဲ့ပါက လမ်းကွေ့ဉီးထိပ်တည့်တည့် ခြံကြီးကို မျက်စေ့ပသာဒရှိစွာတွေ့ရလိမ့်မည်။ ကွန်ကရစ်တိုင်များကို သံစူးကြိုးနဲ့ သံဇကာကွက်များ ထပ်ကာ ကာရံထားတဲ့ ခြံစည်းရိုးကနေ မျှော်ကြည့်လိုက်ပါက ဝါးကဒ် တံခါးလေးအနောက်ကစတင်ကာ စံပယ်ပင်တွေခြံရံထားတဲ့ လျှောက်လမ်းလေးကိုမြင်ရမှာဖြစ်ပြီး လမ်းအဆုံးမှာတော့ ဝါးခင်း ထရံကာ သွပ်မိုး ခြေတံရှည်အိမ်လေးက သပ်သပ်ရပ်ရပ် တည်ရှိနေလေသည်။ ခြံဝင်းတစ်ခုလုံး ရာသီပေါ်သီးနှံများ စိုက်ပျိုးထားသည်မှာလည်း သူ့ နေရာနဲ့သူ အကွက့်စေ့လို့။ ၁ဧကကျော်ကျယ်ဝန်းတဲ့ ဒီခြံရဲ့ သုံးပုံနှစ်ပုံကတော့ သရက်ပင် မလေးရှားပိတောက်ပင်များနဲ့ ယူကလစ်ပင်များ ပေါက်ရောက်နေတဲ့ တောအုပ်ဆန်ဆန်ကုန်းကမူကြီး က နေရာယူထားလေသည်။

ရာသီပေါ်သီးနှံများစိုက်ပျိုးထားတဲ့ စိုက်ခင်းအတွင်း သဘာဝမြေသြဇာကြောင့် နုဖတ်ထွားကျိုင်းတဲ့ ရုံးပတီသီးတွေ ကို ခူးရင်း အတာ ရှေ့ရေးကိုတွေးနေမိသည်။

အတာ အလုပ်လုပ်မည်။ အလုပ်လုပ်ရင်း ငွေစုမိတာနဲ့ ဒီခြံကထွက်သွားပြီး အိမ်လေးငှားနေကာ ရတဲ့လခလေးနဲ့ အမေ့ကို ဆေးကုပေးရမည်။ စိုက်ပျိုးရေးက မကောင်းတာတော့မဟုတ်။ အမြတ်နည်းလွန်းလှတယ်လေ။ နောက်ပြီး အတာက ဆယ်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်ထားတာပဲ။ အင်း.. ထူးချွန်တော့ရော ဘာဖြစ်လဲလေ။ အမေတစ်ခု သားတစ်ခု အတာ့အတွက် ဆေးတက္ကသိုလ် တက်ချင်ပေမယ့်လည်း ဘဝပေးကံက အဝေးသင်တက်ခွင့်ရဖို့တောင် အတော်ကြိုးစားရမှာ။

အတာ့အတွေးတွေကို ချဉ်ပေါင်ခင်းကို အပြောင်နှုတ်ကာ ကြွတ်ကြွတ်ကြိုးနဲ့ စည်းနှောင်နေတဲ့ စျေးသည်ဒေါ်ကြွေနဲ့ သမီးတို့ အော်လိုက်တဲ့ စကားသံက ဖြတ်တောက်ပစ်လိုက်သည်။

ဆူးရိပ်အတာWhere stories live. Discover now