Part 3 (U)

203 13 0
                                    


အပိုင်း ၃။

ကျလိကျလိ..

အောက်အီအီးအွတ်.. .

ပဲဟဲဟဲဟဲပြုတ်..

အကြော်စုံပူပူလေး...

ဘုရားပန်း..

ဆန်းပြားတဲ့အသံတွေက အခန်းထဲတိုးဝင်လာတာကြောင့် ဆူးရိပ်ကို မျက်လုံးတွေမဖွင့်ချင်ဘဲ ဖွင့်လိုက်ရသည်။ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ ကြာခဲ့ပြီ။ ကျောက နဲနဲနာချင်ပေမယ့် နွေးထွေးတဲ့အိပ်ယာကြောင့်ထင်ပါရဲ့ အကျောဆန့်ပစ်လိုက်ဖို့တောင် နှမျောနေသလိုပင်။ ဖက်ထားတဲ့ ဖက်လုံးကို ဆွဲပြီး တစ်ဘက်လှည့်မည်အလုပ်..။

"အို.. ဒါ ဘယ်သူ.."

ဆူးရိပ်ကို မျက်လုံးအစုံပြူးတက်ပြီး ခေါင်းထောင်ထလိုက်ရသည်။ သူ့ဖက်လုံးက ကြွက်သားအထစ်ထစ်နဲ့ လက်မောင်းကြီးဖြစ်နေသလို ထိုလက်ပိုင်ရှင်ကလည်း ခြင်ထောင်အပြင်ဘက် ဝါးကြမ်းခင်းပေါ်မှာ မှောက်လျက်ကြီးအိပ်ပျော်နေပေသည်။

တစ်ညလုံးများ ဒီလက်ကိုဖက်ထားမိတာလား။ ဆူးရိပ်ကို နားရွက်တွေနီရဲထူပူလာအောင် ရှက်မိပြီ။ သေစမ်း ဆူးရိပ်ကို။

"အတာရေ.. အတာ.. နိုးပြီလား သူကြီးသားအတာ"

ခြံထိပ်ကနေ အတာ့နာမည်ကိုခေါ်ကာ နှိုးသံကြားရတော့ ဆူးရိပ်ကို အတာ့လက်ကိုလွှတ်ပြီး ခပ်မြန်မြန်ပဲ တစ်ဘက်လှည့်အိပ်လိုက်ရသည်။

ဆူညံညံ အသံတွေကြောင့် မှောက်လျက်အိပ်ပျော်နေတဲ့အတာ နိုးလာပြီး သူ့ကိုကျောပေးထားတဲ့ ဆူးရိပ်ကို ကို စောင်အသာခြုံပေးလိုက်ကာ ခြေဖော့ထသွားလိုက်သည်။ မနက်တိုင်း ဖောက်သည်တွေမလာမီ အဆင်သင့်ပြင်ဆင်ထားနေကျ အတာ ဒီနေ့တော့ အိပ်ယာထနောက်ကျသွားတာမို့ ချဉ်ပေါင်နှုတ်တာစည်းတာ ကင်မွန်းချဉ်ခူးတာ စတဲ့ အလုပ်တွေကို ဖောက်သည်တွေကူညီမှုကြောင့်သာ ဇယ်ဆက်သလိုလုပ်ရင်း အချိန်မီပြီးနိုင်တော့တာပင်။ မကြုံဖူးပါဘူးအတာရယ်.. မင်းနှယ်ကွာ။

"သူကြီးသား တစ်ညလုံးဘာတွေလုပ်နေလို့ မနက်ကို မထနိုင်တာလဲဟေ။ မဟုတ်မှလွဲရော ဟိဟိ"

ဆူးရိပ်အတာWhere stories live. Discover now