အပိုင်း ၄။
နံနက်ခင်းနေရောင်ခြည်နှင့်အတူ ထရံကြားက တိုးဝှေ့လာတဲ့ လေပြေလေညင်းလေးတွေက စံပယ်ပန်းနဲ့ ခရေပန်းရနံ့ကို ဆောင်ကျည်းပြီး အိပ်နိုးတစ်ဝက် ဆူးဆီကို အရောက်လာခဲ့တဲ့ မနက်ခင်းတိုင်းကို ဆူး သိပ်ချစ်သည်။
ပဲပြုတ်.. ကအစချီတဲ့ ခေါင်းရွက်စျေးသည်အစုံတို့ရဲ့ အော်မည်သံတို့ကလည်း မရိုးနိုင်အောင်။ တစ်ညလုံးရွာတဲ့မိုးက မနက်ပိုင်းမှာ ရပ်သွားခဲ့တာမို့ ဝန်းကျင်တစ်ခွင်က ကြည်လင်နေတော့မှာအသေအချာ။
ဒီအချိန်ဆိုလျင် မနက်မိုးမလင်းမီတည်းက စိုက်ခင်းထဲ ခေါင်းထိုးကာ ပေါင်းသင် ခူးဆွတ်နေတဲ့ "သူ" အိမ်ပေါ်တက်လာတော့မည်။ ပြီးလျှင် ဆိုနေကျ နံနက်ချိန်ခါ တေးသံသာကို ဆိုလိမ့်အုံးမည်။ ဘာပဲဖြစ်ဖြစ် ဆူးကတော့ အဲ့ဒီအသံမကြားရမချင်း အိပ်ရာက ထဖို့အစီအစဉ်မရှိ။
ဝါးနက်ဝါးကြီးတွေကို ထစ်ခြမ်းကာ ခင်းထားတဲ့ကြမ်းပြင်ပေါ် တစ်ကျိကျိ နင်းတက်လာတဲ့ ခြေသံက ခေါင်းအုံးမှာနားကပ်ထားတဲ့ ဆူးအတွက် အိပ်ယာနှိုးစက်ပင်။
"ဆူးရိပ်ကို.. ခင်ဗျားမထသေးဘူးလား။ နေဖင်ထိုးနေပြီ။ ထမင်းကြော်ထစားတော့။ ဒီနေ့ ခင်ဗျားအိမ်စာတွေရှိသေးတယ်နော်။ ဝှူး .. အလုပ်သာနှစ်ဆလောက်လုပ်လိုက်ချင်တယ်။ ခင်ဗျားကိုနေ့တိုင်းနှိူးနေရတာ အာပေါက်နေပြီ"
အခန်းထဲဝင်လာပြီး ခြင်ထောင်အပြင်ကနေ နံနက်ချိန်ခါတေးသံသာဖြင့် ပွစိတက်သွားတဲ့ ထိုလူက မီးဖိုထဲကိုဝင်ကာ မီးမွှေးလိမ့်မည်။ ညကကျန်တဲ့ ထမင်းကြမ်းကို ကြော်ပြီး ထို ကြက်ဉထမင်းကြော်ကို အိုးထဲကနေ ပန်းကန်ထဲထည့်လိမ့်မည်။ ဆူနေတဲ့ရေနွေးအိုးကို ဓါတ်ဗူးထဲ တစ်ချို့ထည့်လိမ့်မည်။ တစ်ချို့ကို ဆူးအတွက် ကော်ဖီဖျော်လိမ့်မည်။
မွေ့ယာပါးလေးခင်းထားတဲ့ အိပ်ယာထက်မှာ နားအပ်ထားရင်း အလွတ်ရနေတဲ့ လှုပ်ရှားမှုတွေကို တစ်စမလွတ်အောင် ဆူး နားထောင်နေရင်း အငယ်ကဆူပူတာခံနေရပေမယ့် တမင်အရွဲ့တိုက်ပြီး ဆက်အိပ်နေလိုက်သည်။ ထမင်းကြော်နံ့လေးက သင်းမွှေးလာတာမို့ ဇွတ်တင်းပြီး အိပ်မနေနိုင်တော့။ ဟိုနေ့ကလို အကုန်စားပစ်လိုက်မှဖြင့်။ ဆူးအိပ်ရာကထ အခန်းထဲကထွက်ပြီး နောက်ဖေးမီးဖိုချောင်ကိုဖြတ်ကာ ရေချိုးခန်းထဲ ဝင်လိုက်သည်။ သူကတော့ ထင်းမီးဖိုကြီးအနား ထမင်းကြော်တွေ ပန်းကန်ထဲထည့် ရင်း ကော်ဖီဖျော်နေရာက ဆူးကို မျက်လုံးလေးလှန်ကြည့်နလှန်ကြည့်နေလေရဲ့။
YOU ARE READING
ဆူးရိပ်အတာ
Romance"အချိန်ရှိခိုက်လုံ့လစိုက်တဲ့ ခင်ဗျားမှာအချိန်တွေဒီလောက်ပေါလောနေတာ လုံ့လလေးနဲနဲစိုက်တာနဲ့ အားလုံးအဆင်ပြေသွားမယ့်ဟာကို ခင်ဗျားက အတော်အသုံးမကျတာပဲ ဆူးရိပ်ကို" "ဘာကွ။ မင်းထက်ငါအကြီးနော်။ မင်းမရိုင်းနဲ့။ ဒီခြံကငါ့အဖေပိုင်တာ။ မင်းလိုအလုပ်သမားအဆင့်နဲ့ ငါ့...