arc1.5

1.2K 89 15
                                        

Top system

Arc1.5

ဇာတ်လိုက်-ကျန်းရွှီလျန်
ဇာတ်လိုက်မ-စုဖန်ရွင်
အရံဇာတ်ကောင်-ပိုင်ကျားချင်း
Host-နင်ယွင်လျင်
နင်ယွင်လျင်၏ညီလေး-နင်ယွင်နန်

အတန်းဆင်းတော့...
ကျောင်းသား/သူတွေကတစ်နေရာတည်းမှာ စုဝေးနေကြသည်။ အသံတွေကလည်းဆူညံလို့။

"ရှောင်ကောကော ဓာတ်ပုံလေးတစ်ပုံလောက်အတူတူ ရိုက်လို့ရမလားဟင်"

စကားပြောတဲ့သူကတော့ အလွန်လှပတဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်သည်။ သူမရဲ့ပါးနှစ်ဖက်က ပန်းရောင်သန်းနေပြီး သူ့ကိုမျှော်လင့်ချက်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့မရဲတရဲလေး မော့ကြည့်လာသည်။

"မရဘူး" နင်ယွင်လျင်လဲ စိတ်ရှုပ်နေ၏။ ထို့ကြောင့်သူ့ဘေးမှာအနက်ရောင်အော်ရာတွေက လျှံထွက်လာခဲ့သည်။ ကျောင်းသူတွေလည်းသတိထားမိလို့ထင်သည်။ တဖြည်းဖြည်းနဲ့ သူ့ဘေးနားကဆုတ်ခွာသွားခဲ့ကြသည်။

ထိုအချိန်မှာပိုင်ကျားချင်းလည်း အခန်းထဲကနေထွက်လာသည်။ အခန်းရဲ့အပြင်မှာရပ်နေတဲ့သူကိုတွေ့တော့ ရင်ဘတ်ထဲကအကောင်က ထွက်ကျတော့မတတ်ဖြစ်သွားခဲ့သည်။(လန့်သွားတာ)

"ဟို..ခင်ဗျားက...ဘယ်ကတည်းကရောက်......"

နင်ယွင်လျင်ကအနားကိုရောက်လာတော့ စကားပြောတာကိုအလိုလိုရပ်မိသွားသည်။

"Hi..ဟိုတစ်ခေါက်က မမိတ်ဆက်လိုက်ရလို့. ကိုယ့်နာမည်က နင်.ယွင်.လျင်ပါ သေချာလေးမှတ်ထားပေးပါနော်.. ပေါင်..ပေ့.."

နောက်ဆုံးတစ်လုံးကိုနားနားကပ်ပြီးပြောတော့ သူ့ရဲ့ဩရှတဲ့အသံကြောင့် ပိုင်ကျားချင်းရဲ့ ကိုယ်လေးတုန်သွား၏။

"ဟုတ်..ဟုတ်.. ကျွန်တော်က ပိုင်ကျားချင်းပါဗျ"

ယွင်လျင် သူ့ရဲ့နှုတ်ခမ်းကိုအပေါ်သို့တွန့်ကွေးလိုက်သည်။.

"ဟုတ်ပါပြီ ကိုယ်တို့မိတ်ဆက်ပြီးသွားကြပြီဆိုတော့ တစ်ခုခုသွားစားရအောင်လေ"

"ဟုတ်.."

သူတို့လည်း အနီးနားက စားသောက်ဆိုင်မှာသွားစားကြသည်။ သူတို့မသိတာကသူတို့ရဲ့သတင်းတွေကပွက်လောရိုက်တေတယ်ဆိုတာပါပဲ။

ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်systemWhere stories live. Discover now