A/N
ရှစ်စွမ်းကို ရှစ်ဇွင်းဟုပြင်ဖတ်ရန်။
Top system
Arc2.6
ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်စွမ်း...ရန်ဝေးရွှယ်
ဇာတ်လိုက်မဖြစ်တဲ့တင်းရှန်ယွမ်ဟာ ငယ်ငယ်ကတည်းကနေရဲရင့်ပြီး ရဲစွမ်းသတ္တိရှိသူတစ်ယောက်လဲဖြစ်သည်။ သူမဟာအမြဲလိုလိုယောက်ျားလေးပုံစံကိုသာ ဝတ်ဆင်ထားသောကြောင့် သူမဟာမိန်းကလေးတစ်ယောက်၊ အိုမီဂါတစ်ယောက်ဖြစ်တယ်ဆိုတာကို မေ့သွားတတ်ကြသည်။ သို့ပေမယ့်စပ်စလူးကထတတ်သေးတာကြောင့် အချို့ကသူမကိုကလေးလေးလိုသာ မြင်ကြပြီးချစ်ခင်ကြသည်။
ယနေ့သူမအသက်ပြည့်ပြီဖြစ်တာကြောင့် အိမ်ကသူမဆန္ဒအတိုင်း အပြင်လောကကိုလှည့်လည်ခွင့်ပြုပေးလိုက်တော့သည်။ သူမလည်းပျော်ပျော်ရွှင်ရွှင် သီချင်းလေးတွေသီကြူး၍ အထုတ်အပိုးပြင်ပြီး အဆောင်တော်ထဲကထွက်လာလိုက်တော့သည်။
"သမီးရယ် မသွားပါနဲ့လား အပြင်လောကကသမီးထင်နေသလိုမဟုတ်ဘူး မားပြောတာနားထောင်ပါကလေးရယ်"
တင်းမာမားကစိုးရိမ်သမှုဖြင့် သူမသမီးလေးကိုဆက်လက်၍ ဖြောင်းဖြနေလေသည်။ ဒါပေမယ့်ဇာတ်လိုက်မဖြစ်တဲ့ တင်းရှန်ယွမ်ဟာအစကတည်းက ဆုံးဖြတ်ချက်ချထားပြီးဖြစ်တာကြောင့် သူမအမေဖြောင်းဖြတာကို လက်မခံနိုင်ခဲ့ချေ။ သူမကသူမရဲ့အဝတ်အစားအထုတ်ကို ဘေးတစောင်းလွယ်လိုက်ပြီး သူမအမေကိုဂါရဝပြု၍ အိမ်တော်ကနေထွက်ခွာလာတော့သည်။ သူမအမေလည်းပြောမရတဲ့အဆုံး လွတ်ပေးလိုက်ရတော့လေသည်။
သူမအိမ်ကနေစထွက်လာခဲ့သည်။ ဒါပေမယ့်ဘယ်နေရာကိုသွားရမယ်မှန်း မသိသောကြောင့် သူမဟာလမ်းအတိုင်းရှေ့ဆက်သွားခဲ့တော့သည်။ သူမဟာနေ့တိုင်းစားတဲ့အချိန်၊ ညအိပ်တဲ့အချိန်ကလွဲ၍ ကျန်တဲ့အချိန်တွေမှာနေ့မနား၊ညမနားရှေ့ဆက်သွားခဲ့လေ၏။
ဒီနေ့တော့သူမဟာသွားနေရင်း အသံတစ်သံကိုကြားလိုက်ရတာကြောင့် ခေတ္တရပ်လိုက်ပြီးသေချာနားစွင့်ကြည့်လိုက်သည်။
"အင်း.ဟင်း.."
YOU ARE READING
ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်system
Romanceဒါကေတာ့ ကိုယ့်ရဲ့ first oc.ficလေးပါရှင့် ဝင်ဖတ်ပေးကြပါအုံးနော် ချစ်လေးတို့ start date... 23.4.2022 end date.......
