Zg...
Top system
Arc2.31
ဇာတ်လိုက်..မင်ရှင်းချွင်
ဇာတ်လိုက်မ..တင်းရှန်ယွမ်
Host..မင်ရှင်းချိန်
ရှစ်ဇွင်း...ရန်ဝေးရွှယ်
ကျွန်တော့်ရှစ်ဇွင်းomegaလေး
မင်ရှင်းချိန် မနက်နိုးလာတော့ ရင်ဘတ်က လှုပ်စိလှုပ်စိဖြစ်နေသော အရာကြောင့် ငုံ့ကြည့်လိုက်သည်။
သူ့Omegaလေးက သူ၏အင်္ကျီကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ဆုပ်ကိုင်ထားကာ ပန်းနုရောင်နှုတ်ခမ်းပါးများက ဟစိဟစိဖြစ်နေ၏။
အိပ်မက်ထဲမှာ ဘာစားစရာများတွေ့လို့လဲ။
ကိုယ်ချစ်တဲ့သူကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားရတဲ့ခံစားချက်ကို အချို့က မည်သို့သိအံ့ပါမည်နည်း။
(A/N ဖဲ့ချက်က😒)
ကြည့်နေရုံနှင့် မတင်းတိမ်နိုင်တာကြောင့် ပါးနုနုပေါ် အနမ်းမိုးများစွန့်ကျဲတော့ မျက်ခုံးများက တွန့်သွား၏။ မကြာခင်နိုးလာတော့မည့်အရိပ်အယောင်ကြောင့် မင်ရှင်းချိန် ရန်ဝေးရွှယ်၏တင်ပါးလေးကို ပုတ်ပေးလိုက်တော့မှ ပြန်အိပ်မောကျသွားတော့သည်။
မင်ရှင်းချိန်ထင်လို့ပဲလားမသိပေမယ့် ရန်ဝေးရွှယ်က အခုတလော ပြောင်းလဲလာသလိုပင်။ ကိုယ်ဝန်ရှိနေလို့လားတော့မသိပေမယ့် အကျင့်တစ်ချို့က ပေါက်ဖွားလာ၏။ ဥပမာ စိတ်မကျေနပ်လျှင် နှုတ်ခမ်းစူတတ်တာမျိုး၊ အိပ်ပုတ်ကြီးလာတာမျိုး၊ အစားရွေးပေမယ့် သဘောကျလျှင် ထိုအရာကိုပဲ တစိုက်မတ်မတ် စားတာမျိုး၊ ချယ်ရီပန်းလေးတွေကိုတွေ့ရင် သဘောကျတာမျိုး၊ အကောင်သေးသေးလေးတွေကိုတွေ့ရင် အူယားတတ်တာမျိုး၊ သူ့ကိုပိုကပ်လာတာမျိုး။
ဒါပေါ့။ သူ့အနေနှင့်ပြောရလျှင် နောက်ဆုံးအချက်ကအကြိုက်ဆုံးဖြစ်သည်။ ဒီလိုပြောလို့တော့ ကျန်တာကိုမကြိုက်တာမျိုးတော့မဟုတ်။ သည်းငယ်ရဲ့ဖြစ်တည်မှုတိုင်းကို သူကြိုက်သည်။ မြတ်နိုးသည်။ ပိုင်ဆိုင်ချင်သည်။
အတွေးများနေတာကြောင့် ရင်ခွင်ထဲက သူ့Omegaလေး နိုးလာတာကိုတောင် မသိလိုက်သည့်အထိပါပင်။
YOU ARE READING
ကိုယ့်ရဲ့သည်းငယ်(or)အထက်ပုဂ္ဂိုလ်system
Romanceဒါကေတာ့ ကိုယ့်ရဲ့ first oc.ficလေးပါရှင့် ဝင်ဖတ်ပေးကြပါအုံးနော် ချစ်လေးတို့ start date... 23.4.2022 end date.......
