[Part-3]

7.3K 895 95
                                    

ကားပေါ်မှာ ကျွန်တော်နဲ့အတူ ထိုင်တဲ့ Chan..။

ကျွန်တော်က မထိုင်ပါနဲ့ လို့ နှင်လည်း တားမရတာမို့ သူ့ကို ဒီတိုင်း လွှတ်ထားရတော့သည်။

ကျွန်တော် ကြိုက်တဲ့ မုန့်ထုတ်တွေ။ အအေးဘူးတွေ။ သူ့လွယ်အိတ်ထဲမှာ ပြည့်သိပ်နေအောင် ထည့်လာသေးသည်။

“မပင်ပန်းဘူးလား”

ကားပြတင်းပေါက် ဘက်ကို ငေးကြည့်နေရင်း ကျွန်တော် မေးတော့ သူက ရယ်မောသည်။

“ထူးထူးဆန်းဆန်း ငါ့ကို မေးနေတာပဲ”

အင်း။ ကျွန်တော်က သုံးနှစ်လုံးလုံးမှာ သူ့ကို ပထမဆုံးအနေနဲ့ ဒီမေခွန်းကို မေးခဲ့တာ။ သူ ကျွန်တော့်ကို ၁၃နှစ်ထဲက ချစ်ခဲ့တာ။

သူက ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သုံးနှစ်လုံးလုံး။

အချစ်ဆိုတာကို သေချာမသိခဲ့တဲ့ အချိန်တွေတုန်းက သူ ကျွန်တော့်ကို ချစ်ပေးနေတာကို စိတ်ရှုပ်ထွေးခဲ့ပြီး ကျွန်တော် ကိုယ်တိုင် ချစ်မိတဲ့ အခါမှာတော့ တစ်ဖက်သက် အချစ်ဆိုတာကို သိလာရ‌တော့သည်။

“မင်းကို ငေးနေရတာနဲ့ ပျော်တယ်၊ ဒါပေမယ့် နာကျင်ရတာပေါ့၊ ပင်ပန်းတယ်လို့တော့ ငါတစ်ခါလေး‌တောင်မှ အတွေးထဲ မရှိခဲ့ဘူး”

သူ့အသံက တိုးဖျော့ဖျော့။

ငေးနေရတာနဲ့တင် ပျော်တယ် တဲ့။

ကျွန်တော့် မျက်စောင်းထိုးက ခုံမှာ ထိုင်နေတဲ့ ဆရာ။ ကျွန်တော် စက္ကန့်ပိုင်းမျှ ငေးကြည့်မိကာ မျက်နှာလွှဲ၍ ပြုံးမိတော့သည်။ ကျွန်တော်လည်း ငေးကြည့်နေရခြင်းတွေမှာ ဘယ်ကတည်းက နေသားကျသွားခဲ့ပါသလဲလေ။

“ငါ ဟိုကောင်တွေနဲ့ပဲ သွားထိုင်တော့မယ်၊ မင်း ဒီတိုင်း စိတ်မရှုပ်အောင်လို့”

Chanက ထထွက်သွားသည်။

ကျွန်တော်လည်း မတားလိုက်မိပေ။ အဲဒီအစား နားကြပ်ကို ဆွဲယူ၍သာ သီချင်း နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။

တလှိမ့်လှိမ့်ချင်း စထွက်နေပြီဖြစ်တဲ့ ကား။

ကျောင်းသားတွေကြီး နဲ့ ဆေးအဖွဲ့က ဆရာဝန်တွေသာ ပါလာတဲ့ ကားမို့ ကားတစ်ကားလုံး ကားစထွက်တာနဲ့ ဆူညံနေတော့သည်။

Bitter Coffee In My Heart (Complete)Where stories live. Discover now