[Part-28]

5.2K 568 53
                                    

နေ့လည်ခင်းမှာ ပျော်ရွှင်ချမ်းမြေ့ခဲ့ရသည့် စိတ်ကလေးဟာ အိမ်ပြန်ချိန်‌ကားပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အနည်းငယ်ပင် နောက်ကျိလာခဲ့ရသည်။

ဖုန်းတွေဆက်တိုက်ခေါ်နေတဲ့ မားမား။

“အိမ်ပြန်လာနေပြီ” လို့ ကျွန်တော်က ပြန်ပြောနေခဲ့သော်လည်း စိတ်လောတတ်တဲ့သူ(မ)ကတော့ ကျွန်တော့်ကို ခဏခဏပင် ဖုန်းခေါ်နေဆဲဖြစ်၏။

မားမားက Wanနဲ့ ကျွန်တော့်ကို စိတ်သိပ်လောနေတော့တာ။ Wanကလည်း ရေရေရာရာအဖြေတစ်ခုမပေးပြန်တော့ အခက်တျွေ့နရသူက ကျွန်တော်သာ ဖြစ်ခဲ့တော့သည်။

အဲဒီလူကိုတော့ Wanနဲ့ကိစ္စကို မပြောပြဖြစ်ခဲ့လိုက်ပေ။

မဟုတ်ရင်တောင် သူ့ရဲ့ လက်ထပ်ပွဲကိစ္စနဲ့တင် အလုပ်ရှုပ်နေခဲ့တဲ့ လူက ကျွန်တော့်ကိစ္စကြောင့်နဲ့ စိတ်ရော၊ လူရော ပင်ပန်းနေဦးမှာ စိုးရိမ်မိလို့ရယ်။

ကျွန်တော်လည်းတစ်ခေါက်လောက် ကျွန်တော့်ကိစ္စကို ကျွန်တော်ရှင်းသင့်တယ် မဟုတ်လားလေ။

ခြံထဲကို ကားဝင်လိုက်သည်နှင့် သက်ပြင်းဆက်တိုက်ချနေမိသည့် ကျွန်တော်။

မှောင်ရီပျိုးနေပြီဖြစ်သော်လည်း ကားသံကြား၍ ထင်သည်။ အိမ်ရှေ့မှာ ထွက်စောင့်နေသည့် မားမားနဲ့ Wanကို ကျွန်တော် သေချာ‌မြင်နေရပေသည်။

ပါကင်ထိုးပြီး ကားပေါ်ကဆင်းလိုက်တော့ ကျွန်တော့်လက်မောင်းကို လာချိတ်တဲ့ Wan..၊ နောက်ပြီး ရပ်ကြည့်နေသည့် မားမား။

သူ(မ)ကပါ ကျွန်တော့်ကိုတကယ် နားလည်မပေးနိုင်တော့ဘူး ထင်သည်။

“ဒီအခြေနေအထိရောက်လာပြီ Wan.. တိကျတဲ့အဖြေတစ်ခုကို နင်ပေး‌သင့်နေပြီ”

အိမ်ထဲကို အရင်ဝင်သွားတဲ့ မားမားအနောက်ကို ဖြေးဖြေးကလေးအတူလိုက်လာကြရင်း သူ(မ)လက်ကို ဆွဲဖြုတ်ကာ ကျွန်တော်ပြောတော့ သူ(မ)က ကျွန်တော့်အား ငေးကြည့်သည်။

“ငါလည်း အတ္တတစ်ခုလောက် ရှိသင့်တယ်ထင်လို့..၊ နင်လည်း နင်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တာပဲ မဟုတ်လား..”

Bitter Coffee In My Heart (Complete)Where stories live. Discover now