[Part-26]

5.4K 599 62
                                    

မနေ့ညက မိုးတွေတစ်ညလုံးရွာသွန်းထားတာမို့ မနက်ဘက်မှာ အေးမြမြဖြစ်နေတော့သည်။

Raeကို အဝတ်အစားတွေ လာပို့ခိုင်းလိုက်ပြီး Daisy ကို ရှယ်ယာရှင်အစည်းအဝေးအတွက် စီစဉ်ခိုင်းကာ အဲဒီကိစ္စကို အမြန်ကလေးအဆုံးသတ်မှရမှာ။

‌အိပ်ယာပေါ်မှာ စောင်လေးထဲကို ကွေးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကျွန်တော့်နေကြာကိုတော့ ဒီနေ့အတွက် အလုပ်သွားခိုင်းဖို့ ကျွန်တော်က တားမြစ်ထားမည် ဖြစ်သည်။

အလုပ်သွားရင် လျှော်ကြေးငွေကိစ္စတွေနဲ့ တာဝန်ခံက ငွေတွေကိုပါ ခိုးယူပြေးသွားတာကိုပါ သိသွားမှာမို့ ဒီနေကြာက စိတ်တွေတိုရင်း၊ နေမကောင်းတဲ့ကြားက စိတ်ပင်ပန်းမှုတွေ များလာလိမ့်မှာ။

ဘယ်လောက်ပဲ သန်မာတဲ့ ကလေး‌လေးလို့ ပြောပြော။ ဒီလောက်အထိတော့ ဘယ်သူကမှ မပင်ပန်းဘဲ၊ စိတ်မပျက်ဘဲ၊ ဝမ်းမနည်းဘဲ နေမှာ မဟုတ်ဘူးလေ။

သူ့စားပွဲပေါ်က စာရွက်အပိုင်းစလေးတစ်ခုနဲ့အတူ ဘောပင်တစ်ချောင်းကို ကျွန်တော် ဆွဲယူလိုက်သည်။ ဘောပင်ခြင်းထဲက အပြာရောင်ဘောပင်ကလေး။

“အော်..နေကြာရယ်..”

ကျွန်တော်ဟာ ငေးမောကြည့်မိရင်း ခပ်‌တိုးတိုးကလေးလည်း ရေရွတ်လိုက်ကာ ရယ်မောလိုက်မိသည်။ သူကလေ.. ကျွန်တော်နဲ့ပတ်သက်ရင် သိပ်အစွဲအလမ်းကြီးတဲ့ ကလေးရယ်။

စာကို ခေါက်လိုက်ပြီး အောက်ထပ်သို့ ဆင်းခဲ့သည်။ မဆင်းခင်တော့ ကျွန်တော့်နေကြာရဲ့ နဖူးလေးကို ခပ်ဖွဖွကလေးနမ်းခဲ့သေး၏။

ဆေးတွေကြောင့်ရော၊ နေမကောင်းတဲ့ဒဏ်ကြောင့်ရော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် နေကြာဟာ နည်းနည်းကလေးလောက်တောင်မှ မလှုပ်မယှက်နဲ့ ကွေးကွေးကလေးပင် အိပ်ပျော်နေဆဲဖြစ်၏။

ဖျော်ထားတဲ့ ကော်ဖီနဲ့ ကြက်သားဆန်ပြုတ်တင်ထားတဲ့ ထမင်းဝိုင်းစားပွဲစွန်းနားလေးမှာ စာလေးကို ဆေးထုတ်ကလေးနဲ့အတူ ထားခဲ့လိုက်သည်။

ကျွန်တော့်နေကြာနိုးလာရင် ဆန်ပြုတ်က ခဲသွားလောက်မှာစိုးတာမို့ အရည်မကျဲတကျဲနဲ့ သူသိပ်ကြိုက်တဲ့ အသားများများဖြင့် အရသာရှိအောင်ပြုတ်ပေးခဲ့တာမို့ သဘောကျဖို့ကိုတော့ မျှော်လင့်မိပါသေး၏။

Bitter Coffee In My Heart (Complete)Where stories live. Discover now