[Part-5]

7.1K 865 71
                                    

မိုးရာသီကို လုံးဝရောက်လာပြီ ဖြစ်တာမို့ မိုးလင်းကနေ မိုးချုပ်အထိ နေ့စဉ်၊ရက်ဆက်နဲ့ ဆိုးလ်မှာ မိုးတွေ ရွာနေခဲ့တော့သည်။

ပြတင်းပေါက် မှန်တံခါးကို လာစင်တဲ့ မိုးရေစက်တွေ။

မိုးရွာတာ လေပြင်းတွေပါ ပါနေတာမို့ ရာသီဥတုက သိပ်နေလို့ ကောင်းနေတော့၏။

ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေမိတာ။

စာမေးပွဲ နီးလို့ စာတွေ လုပ်နေပေမယ့် ကျွန်တော့်ရဲ့ စိတ်က တစ်ခြားနေရာမှာ။ ထိုလူ့ဆီမှာသာ။

‌မေးထောက်နေရင်း ငေးငိုင်နေတုန်း စာကြည့်စားပွဲကို လာခေါက်တဲ့ လက်ညှိုးရှည်ရှည်သွယ်သွယ်ကလေး။

တစ်ပြိုက်နက်ထဲ ရေမွှေးနံ့သင်းသင်း။

တုန်တတ်သွားတဲ့ ကျွန်တော် ခန္ဓာကိုယ်လေး။

နားကြပ်တပ်ထားလို့ အဲဒီလူလာတာကို မသိလိုက်ဘဲ ကျွန်တော်က အခုမှ ပျာပျာသလဲနဲ့။

နားကြပ်ကို ဆွဲဖြုတ်လိုက်မိ၏။

"ဆရာ.."

သူဟာ ဒီနေ့တော့ အဝါရောင်ရှပ်အင်္ကျီလေးနဲ့။

"ဘာတွေလုပ်နေတာလဲ"

"Mathပါ"

" ဆရာကတော့ Mathဆို မြင်တာနဲ့ ခေါင်းမူးတာပဲ၊ အန်တီ Riကိုတော့ ပြန်မပြောနဲ့နော်၊ သူကြားရင် ဆူခံထိမှာ"

နှာခေါင်းလေးရှုံ့ရင်း ကလေးဆန်ဆန်လေးရယ်ကာ ကျွန်တော့် အရှေ့မှာ ဝင်ထိုင်သည့်လူ။

အန်တီRiက Mathသင်တာ။ သိပ်တော်ပြီး နာမည်လည်း အရမ်းကြီး၏။

အန်တီ Riကလည်း ဒီလူက သူ(မ) ဆီမှာ စာသင်ဖူးသည့်အကြောင်း ‌ခဏခဏပြောကာ ချီးကျူးတတ်သည်။

ခေါင်းမူးပေလို့သာပဲ။ သူက ဘယ်အရာမှာ မဆို သိပ်တော်တာ။ ကျွန်တော်က မသိတာ ကျနေတာဘဲ။

"စာမေးပွဲနီးပြီးဆိုတော့ အပြင်စာတွေ လျှော့ဖတ်နော်၊ ဝတ္ထုတွေရော၊ သီချင်းကတော့ စာလုပ်ပြီးရင် နားထောင်ပေါ့၊ စာကျက်နေရင်း၊ တွက်နေရင်းနဲ့တော့ သီချင်းနား‌မထောင်နဲ့ အာရုံများလိမ့်မယ်"

Bitter Coffee In My Heart (Complete)Where stories live. Discover now