[Part-11]

6.9K 832 55
                                    

လွမ်းမောခဲ့ရသည့် ဆောင်းညရှည်‌တွေ တဖြေးဖြေးနှင့် ကုန်လွန်တိုက်စားလာခဲ့ကာ သူနှင့် စတင်တွေ့ဆုံခဲ့ရသည့် နွေရာသီပြီးခံနီး မိုးတွင်းစချိန်သို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။

ဖောင်းအစ်နေတဲ့ မျက်ဝန်းတွေ။

သူနဲ့ ကျွန်တော့်ကြားမှာ စကားအပိုရယ်လို့ မရှိဘဲ ဖြတ်သန်းခဲ့ကြပေမယ့် ကျွန်တော့်အတွက်တော့ ခဏတာဆိုတဲ့ သံယောဇဉ်ထက် ပိုခဲ့တယ်။

မမြင်ရတာ ကြာညောင်းခဲ့တဲ့ အပြုံးတွေ။

နှစ်ခြိုက်ခဲ့မိတဲ့ ကလေးဆန်ဆန်ရယ်သံ။ ခိုးပြီး ရှူရှိုက်ခဲ့ရတဲ့ သူ့ရဲ့ ရေမွှေးနံ့သင်းသင်း။

အဖြူရောင် ကျောပြင်ကျယ်။ အညိုရောင်ဖိနပ်ပေါ်က ဖြူနုနေတဲ့ ခြေဖဝါးလေး။

မထင်မှတ်ဘဲ အတူလျှောက်ပြန်ခဲ့ဖူးတဲ့ အိမ်ပြန်လမ်းကလေး နဲ့ နေကြာခင်းလေး။

သီချင်းညဉ်းသံသဲ့သဲ့။ အတူကြည့်ခဲ့ဖူးတဲ့ ကြယ်တွေစုံနေတဲ့ ကောင်းကင်။

သူပေးခဲ့ဖူးတဲ့ စာအုပ်တွေ။ သူရှင်းပြခဲ့တဲ့ ကျွန်တော် မသိခဲ့တဲ့ အရာတွေ။

ရူးကြောင်ကြောင်နဲ့ သိမ်းထားခဲ့ဖူးတဲ့ ရေဘူးခွံကလေးလည်း ရှိသေးတယ်။ မှင်ကုန်နေတဲ့ ဘောပင်အပြာရောင်ကလေးရောပေါ့။

သူသောက်နေကျ ရေခွက်ကလေး။

သူ့အင်္ကျီစကလေးကို မဝံ့မရဲကိုင်ရင်း စက်ဘီးလည်း အတူစီးခဲ့ဖူးသေးသည်။

ထူးထူးခြားခြားရယ် မရှိခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ အသေးစိတ်ဆန်ဆန်လေးကို အဖိုးထိုက်တန်ခဲ့တာ။

အတွေး‌နဲ့ အတူ မျက်ရည်တွေ ဟိုတစ်စ၊ ဒီတစ်စပါပဲ။

စားပွဲပေါ်မှာ မေးထောက်ပြီး နေနေမိသည်။

တံခါးခေါက်သံသဲ့သဲ့ကလေးကို မကြားရခဲ့တာ လတွေပင် ကြာညောင်း၍ နေခဲ့သည်။

ဟိုတစ်စက်၊ ဒီတစ်စက် ကျနေတဲ့ မိုးရေစတွေ။

ထီးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းခဲ့ကြရင်း ကျွန်တော့်ဘက်ကို ပိုအလေးပေးခဲ့တဲ့ ထီးကိုင်ထားသည့် လက်ကလေးတစ်ဖက်ကိုလည်း ကျွန်တော် သတိရသေးသည်။

Bitter Coffee In My Heart (Complete)Where stories live. Discover now