[Part-22]

5K 581 19
                                    

နေ့လည်စာ စားချိန်မရောက်သေးခင် ပြန်သွားတဲ့ အဲဒီလူ။

စကားတွေ အများကြီးမပြောဖြစ်လိုက်ပေမယ့် သူ့ရင်ခွင်ထဲမယ် နာရီဝက်လောက်တော့ အိပ်လိုက်ရသေး၏။

ဆေးလည်း တစ်ခါတည်း တိုက်သွားပေးရင်း ကျွန်တော့်ကိုလည်း ဆူသွားသေးတာကတော့ အသေချာပဲပေါ့။

ထမင်းစားချိန်မို့ စားပွဲပေါ်က အလုပ်ကိစ္စတွေကို သိမ်းလိုက်သည်။

စားပွဲပေါ်မှာ တယုတယနဲ့တင်ထားတဲ့ ပန်းစည်းကို ကြည့်လိုက်မိတော့ လုပ်လက်စအလုပ်တွေကို ရပ်လိုက်ပြီး ပန်းစည်းကို ငေးကြည့်နေမိပြန်တော့သည်။

“V”

မရင်းနှီးတဲ့ အခေါ်ဝေါ်ပေမယ့် ရင်းနှီးသလိုမျိုး ဖြစ်နေတဲ့အသံကြောင့် မော့ကြည့်လိုက်မိတော့ Mr.Vance နဲ့ သူ့အ‌တွင်းရေးမှူး။

“ရုံးခန်းထဲ ဝင်လာရင် တံခါးခေါက်သင့်တာ လူကြီးလူကောင်းတွေရဲ့ အမူကျင့်တစ်ခုပဲလို့ ကျွန်တော် ယူဆပါတယ် Mr.Vance”

ကျွန်တော်ပြောတော့ အဲဒီလူက ရယ်သည်။

အော်ရယ်တာလည်း မဟုတ်။ ခြောက်ကပ်ကပ်ရယ်တာလည်း မဟုတ်။

ခပ်ရိုးရိုးကလေးပဲ ရယ်တာပေမယ့် ကျွန်တော့်မျက်လုံးထဲတော့ အဆင်ပြေမနေခဲ့။

“ကျွန်တော်တို့ ဒီနေ့အလုပ်ကိစ္စမရှိဘူး ထင်တယ် Mr.Vance”

သူက ခေါင်းလေး ခပ်ဖွဖွညိတ်သည်။

“ကိုယ်က မင်းနဲ့ထမင်းအတူစားချင်လို့ ခွင့်တောင်းတာပါ၊ နောက်ပြီး ကိုယ်တံခါးခေါက်သေးတယ်..၊ မင်းမကြားလို့ ဖြစ်ပါလိမ့်မယ်”

“အော်.. ကျွန်တော်မအားဘူး”

သူ့ကိုမကြည့်ဘဲ စားပွဲပေါ်က ဘာမဟုတ်တဲ့ စာရွက်တွေကို ကြည့်ရင်း မလေးမစားလုပ်နေတဲ့ မာနခဲလေးကြောင့် Vance ဒေါသထွက်မိသည်။

ဘယ်သူ့ဆီမှာမှ တစ်သက်လုံး ဆက်ဆံမခံခဲ့ရတဲ့ ပုံစံတွေက ဒီလိုမျိုး Designerလေး‌ကြောင့်နဲ့..။

“ကိုယ်တို့က Partner တွေလေ..၊ မဟုတ်ဘူးလား.. V..”
စိတ်ရင်းအမှန်ကို ဖုံးကွယ်ရင်း အပြုံးတစ်ခုနဲ့ သူထပ်ပြောတော့ သူ့စကားကြောင့် မာနခဲလေးက မျက်နှာမသိမသာ ပျက်၏။

Bitter Coffee In My Heart (Complete)Where stories live. Discover now