[Part-23]

4.9K 559 46
                                    

တဖြေးဖြေးနဲ့ ပွင့်အံလာတဲ့ ခြံတံခါးကြီးကို ကြည့်နေရင်း ညာဘက်လက်ကနေ ဆုပ်ကိုင်ထားတဲ့ လက်အခြေနေကို ကျွန်တော်က ပိုပြီးတော့ တင်းကြပ်ထားမိတော့သည်။

အဲဒီသူရဲ့ အမေနဲ့ တွေ့ရမယ် ဆိုတဲ့စကားကို ကျွန်တော်က ခေါင်းညိတ်လိုက်ခဲ့မိပေမယ့် တကယ်တော့ ဒါက ကျွန်တော့်ရဲ့ လုပ်ငန်းအတွေ့အကြုံတစ်လျှောက် ကြုံလာခဲ့ရသမျှ အစည်းဝေးတွေထက်ကို ကြောက်စရာကောင်းနေခဲ့တာ။

“အိမ်ရောက်ပြီ နေကြာ..”

ကားပေါ်ကနေ တစ်ဆင့် ကြည့်လိုက်မိတော့ မျက်စိရှေ့က သုံးထပ်တိုက်နဲ့ အတော်ကို ကျယ်ဝန်းတဲ့ ခြံအနေအထား။

ဘယ်ဘက်မြင်နေရတဲ့ ကားဂိုထောင်လို့ ထင်ရတဲ့အရှေ့မှာ ရပ်ထားတဲ့ ဇိမ်ခံကားတွေ အများကြီး။ ညာဘက်မှာက ပန်းပင်တွေ စိုက်ထားပုံရတဲ့ ပန်းခြံလို နေရာ ခပ်ကျယ်ကျယ်။

မျက်စိကြိမ်းလောက်တဲ့ အထိ ပန်းတွေ။ လှမ်းပြီးတော့တောင် မြင်နေရတာ၊ ရှားပါးမျိုးစိတ်တွေနဲ့ ဈေးကြီးတဲ့ ပန်းပင်တွေ..။

သက်ပြင်းခပ်သဲ့သဲ့ချမိသည်။

သူ့မိသားစုက ဘယ်လောက်တောင်မှ ခမ်းနားတာမို့လို့လဲ။ ကျွန်တော်တို့နဲ့ဆိုရင် တကယ်ကို သိပ်ကွာခြားခဲ့တာပေါ့။

ဒီလူကတော့ ဘယ်သောအခါကမှ သူ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဘယ်သူနဲ့မဆို၊ ဘာအတွက်ကြောင့်နဲ့မှ ဝံ့ကြွားတတ်တာမဟုတ်ခဲ့ပေမယ့် သူ့မိသားစု၊ သူ့မျိုးရိုး၊ သူ့စီးပွားရေး၊ သူ့ပိုင်ဆိုင်မှုတွေ အားလုံးကို အန်တီ Riကနေ တစ်ဆင့် နားရည်ဝခဲ့သလို သူ့အကြောင်းတွေက သတင်းလည်း မွှေးပျံ့ခဲ့သည်မို့ ကျွန်တော်က သိထားနေခဲ့တာ။

သို့ပေမယ့် မျက်ဝါးထင်ထင်ကတော့ ဒီနေ့မှပေါ့။

ကားပေါ်ကနေ ဆင်းလိုက်မိပေမယ့် ကျောက်ရုပ်ကလေးလိုမျိုး ရပ်နေခဲ့မိသည်။

အရှေ့တစ်လှမ်းတိုးဖို့အတွက် ကျွန်တော့်ရဲ့ ကြောက်စိတ်က ခွင့်မပြုခဲ့။

ကျွန်တော့်ဘေးနားမှာ လာရပ်သည့်သူ။ လက်ကို တင်းကြပ်နေအောင် နွေးနွေးထွေးထွေးကလေး ဆုပ်ကိုင်ပေးသည်။

Bitter Coffee In My Heart (Complete)Where stories live. Discover now