[Part-10]

7.2K 873 114
                                    

ဆောင်းရာသီကြီးကို ‌Hoodieက ပါမလာခဲ့ဘူး။ အဲဒီအပြင်ကိုမှ ကျောင်းအပေါ်ထပ်ကုတ်လည်း မေ့ကျန်ခဲ့တော့သည်။

ပုံမှန်ဆို အပေါ်ကုတ်ကို မဝတ်ဘဲ လက်ကနေ ချိတ်လာနေကျမို့ ကျွန်တော် ကိုးရို့ကားရားနိုင်ပုံနှင့် ဒီနေ့လိုမျိုး အိပ်ရာထနောက်ကျတဲ့ နေ့တွေမှာ ဒါက အထူးဆန်းတော့လည်း ဟုတ်မနေခဲ့ပေ။

ကျေးဇူးပြုပြီး ဂိတ်ဝမှာ ဂျူတီကျတဲ့ ဆရာမ ထုံးစံအတိုင်း ရှိမနေပါနဲ့။

ချမ်းနေသည်မို့ လက်နှစ်ဖက်ကို ရောယှက်ကာ စိတ်ထဲကနေ အလျင်အမြန်လေး ဆုတောင်းနေမိရင်း ကျောင်းအရှေ့ကို ရောက်ခဲ့သည်။

ပြည့်လိုက်တဲ့ ဆုတောင်း။

ဂိတ်အဝမှာ ဆရာမ က မိန့်မိန့်ကြီးနဲ့ရယ်။

“TaeHyung.. ကျောင်းကုတ်အင်္ကျီရော”

ရင်းနှီးနေပေမယ့် စည်းကမ်းကြီးတဲ့ ဆရာမ။ ‌ကျွန်တော်က သွားလေး ဖြဲပြရုံက လွဲရင် ဘာမျှ မလုပ်နိုင်ခဲ့ပေ။

“ဘောလုံးကွင်း နှစ်ပတ်”

“ဟုတ်...”

အသံရှည်နဲ့ ဆွဲပြီး ပြောလိုက်မိ၏။ မတတ်နိုင်ဘူးလေ။ ဆောင်းတွင်းမှာ ချွေးတွေ ထွက်သွားတော့လည်း တစ်မျိုး ကောင်းတာပဲ မဟုတ်လား။

ဖြေသိမ့်လိုက်ရသော်လည်း တကယ်တမ်းပြေးရသည့်အခါ ကျွန်တော်က သေမတတ် မောပန်းနေတော့သည်။

“Kim..”
ရင်းနှီးနေတဲ့ အသံ။

လှည့်ကြည့်လိုက်တော့ ကျွန်တော်နဲ့ အတူ ဘောလုံးကွင်း ပတ်ပြေးရတဲ့ မိန်းကလေး။

သူ(မ)က ကျွန်တော့်ဘေးနားကနေ မှီအောင် အတင်းလိုက်ပြေးနေတာမို့ ကျွန်တော်က အရှိန်လေး လျှော့ကာ ပြေးလိုက်မိသည်။

ခဏလေး..။ မြင်ဖူးနေသလိုပဲ ဒီမိန်းကလေး..။

TaeHyung  သူ့မှတ်ဉာဏ်ကို ပြန်ပြီး အလုပ်ပေးနေရသည်။

ဘယ်သူလဲ..။ ဘယ်သူလဲ..။ ဒီမိန်းကလေး..။

ပြေးလွှားနေရင်း မျက်ဝန်းထဲကို ပေါ်လာတဲ့ သွားတက်လေး။ ပါးချိုင့်နဲ့ အပြုံးလေး။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ရင်း ထူးချွန်ပြိုင်ပွဲတွေမှာ စိတ်အေးဖို့ ပြောတတ်တဲ့ မိန်းကလေး။

Bitter Coffee In My Heart (Complete)Where stories live. Discover now