အပိုင်း ၎

287 20 0
                                    

ရာဇဝင်ပို့လိုက်တဲ့ လိပ္စာ အတိုင်း
ရောက်လာတော့..
ပေ ၁၂၀ လောက်သာကျယ်ဝန်းတဲ့ ခြံဝန်းလေးနဲ့..ရိုးရိုးစင်းစင်း ဆောက်လုပ်ထားတဲ့ တိုက္ပု လေးကိုတွေ့လိုက်ရကာ..သူ...မဲ့လိုက်မိတယ်။

ဒီကောင် ငမြဲပဲ။

အိမ်အပြင်အဆင်နဲ့ ခြံ စည်းရိုး ပုံစံကို အကဲခတ်ကြည့်မိတော့လဲ..ဘာလျှပ်စစ် ဘာလုံခြုံရေးစနစ်မှ တပ်ဆင်ထားသည်ကို မတွေ့ရ။

ဒါဆို..သူ့တပည့်တွေက ဘာလို့ ဒီကောင့်ဆီ မိသြားရတာလဲ။

စုံစမ်းရသလောက် ဒီကောင့်အချက်အလက်ထဲမှာ ဘာကိုယ်ခံပညာလက်မှတ်မှလဲရှာမတွေ့ပါဘူး။သူ့လူတွေကပဲ ဒီလောက်ညံ့ဖျင်းနေတာများလား။အလိုမကျမှု့နဲ့အတူ သူ့ မျက်ခုံးတွေက တွန့်ကွေးနေလေပြီ။

ဥက္ကာ ကအပြေးဆင်းရင်း ကားတံခါး ဖွင့်ပေးတာမို့...သူ ဆင်းလိုက်ကာ..

"အပြင်မှာပဲ..စောင့်နေခဲ့ ဥက္ကာ

"BOSS ဒါက..

ဦးခေတ် ဥက္ကာ စကားမဆုံးခင်လက်ကာပြလိုက်ရင်း

"အမိန့်ပဲ

ဦးခေတ်စကားကြောင့် ဥက္ကာ အကြပ်တွေ့နေဟန်ဖြင့် ကားနားတွင်ရပ်ကျန်နေခဲ့သည်။

အိမ်ထဲ ရောက်ချိန်...ဧည့်ခန်းထဲတွင် ကြိုဆိုနေသည်က..သူလွှတ်လိုက်တဲ့တပည့် ၂ယောက် ခြေရောလက်ရောနောက်ပြန်တုတ်ခံထားရပြီး...ပါးစပ်ပါ ပိတ်ခံထားရသည်။လက်တွေကိုတော့.ခိုးဖြေလို့မရအောင်ပါ
တိပ်အမဲတွေဖြင့်ပက်ထားလိုက်သေးသည်။

ဟမ့်..ဒီကောင် ဥာဏ္မ်ားသားပဲ။

သူတချက်ပဲဝေ့ ကြည့်ရင်း..ရာဇ ရှေ့က ဆိုဖာခုံမှာဝင်ထိုင်လိုက်သည်။

"ဘာချပေးရမလဲ ဦးခေတ်...အပူလားအေအးလား..

"မလိုဘူး..လိုရင်းပဲလုပ်ကြတာပေါ့..ဒါက..စာချုပ် "

ရာဇစာချုပ်ကို လှမ်းယူပြီး ပူးပေါင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။သူ့ ဦးက စိတ်ကိုမရှည် တတ္တာ။ ရာဇာ လက်မှတ်ထိုးပြီးတာနဲ့ သူ့ ခြေရင်းမှာချထားတဲ့ သေတ္တာ လေးကို ယူရင်း ဦးခေတ်ရှေ့ကို..လျှောက်လာလိုက်တယ်။အနားရောက်တော့ သေတ္တာကို ဦးခေတ်ရှေ့ကို ကမ်းပေးလိုက်ရင်း

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now