အပိုင်း

268 14 0
                                    

သက္ကရာဇ် (၁၅၃၈) သိဒ္ဒတဝဠ ပြည်တော်

အိမ်ရှေ့စံ နာမ..သုယောန

"အရှင့်သား...အရေးတော်ပေါ်ပေါက်ကြောင်းပါ.. ချစ်ကြည်ရေးခရီး နှင်လာတဲ့ အနောက် အာရှာပြည်ရဲ့ သံတမံစာချွန်လွှာအရ အာရှာ
အိမ်ရှေ့စံ က အရှင့်သား အား ကြင်ယာ အဖြစ်အပ်နှင်း ဖို့ ပဏ္ဏာစာရင်းထဲ ထည့်သွင်းတောင်းခံပါ၏"

လက်ရုံးတေယ်အဂ္ဂ လျှောက်တင်လာတဲ့စကားကြောင့်
..အိမ်ရှေ့စံ သုယာန ဒေါသ ထွက်စွာဖြင့်

"တယ်.....ရိုင်းလှပါဘိ...ဒါ..ကိုယ်တော်ကို ရည်ရွယ်ပြီး နှိမ့်ချ ခြင်းပေပဲ...ယုတ္တိမတန်လေခြင်း..."

"မင်းတရားကြီးလဲ..သိဒ္ဒတဝဠ
ဓလေ့ထုံးထမ်းအရ..ကိုးတောင်ဝတ်ထား..ယော်ကျာ်းသားတို့..အချင်းချင်း..ရွှေလက်တော်ဆက်ရိုး ထုံးစံ မရှိသည်မို့...ငြင်းဆန် ရပါစေလို ကြောင်း အာရှာ မင်းမြတ် ဆီ စာလွှာ ပို့ပါသော်လည်း..အာရှာနန်းရှင်..သော်နဘုရင်ရဲ့..သားတော်က..အရှင့်သားကိုသာလိုကြောင်းနှင့်..သူကိုယ်တိုင်လာရောက်...ခေါ်ဆောင်မည်ဖြစ်ကြောင်း ပြန်စာပို့လာ ပါတယ်..အရှင့်သား"

"ရာဇဝင်ရိုင်းလိုက်လေချင်း..ကြားဖို့တောင် မဝံ့အံ့...တိုင်းသာကိုငဲ့
ပြည်သားကို ထောက်ရှု့နေရလိုသာပဲအဂ္ဂ...ကိုယ်တော် စစ်သာ ခင်းလိုက်ချင်ပါဘိ..."

"အရှင့်သား...ဆိုင်းတော်မူပါ...အားချင်းမှာမမျှ..လက်နက်ချင်းမှာ ကွာဟ လွန်းနေသည်ပါ့...အာရှာမင်းသား ဝရသံ က ကြောင်းလမ်းမဂ်လာ အတွက် ဟိုဘက်တိုင်းပြည်တောင် ရောက်နှင့် နေပြီပါ့..အရှင့်သား သွားရောက် တွေ့ဆုံလို့...ကျိုးကြောင်းဆင်ခြင်ကြရင်....နားချလို့ ရတန် ကောင်းပါလိမ့် အရှင့်သား"

"အချိန်မဖြုန်းတန်ရာ...ရောက်ချိန်တန် ခါ..ရောက်လာပေလိမ့်မည်...ဘယ်လိုပင်ဆိုစေဦးတော့.ဂဟေဆက်မဂ်လာက...နောက်လာအံ့သက္ကရာဇ် မှ... အထမြောက်လတ္တံ...ကိုယ်တော်တို့..အကြံအစည်တွေ အသော့နှင် ကြံဆောင်မှ ဖြစ်ချေတော့မယ် အဂ္ဂ..ဝေသာနဒီပြည်က..လက်နက်ဆန်းတွေဝယ်တဲ့ အချင်းအရာ ကရော..အဘယ်သို့ရှိအံ့... "

"မှန်ပါ့...မနှေးပင်ရောက်လာပါတော့မည်..ဖိန်နွဲ့ခါလောက်တွင်ကာမှရေရေရာရာသိရမည်ဖြစ်ကြောင်းပါအရှင့်သား..

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now