အပိုင်း၄၇

136 11 0
                                    

ဒိုင်း...။

သုယောန ဖက်က တဖက်လူကို ပစ်နေသော်လည်း..တဖက်လူကတော့ ဦးခေတ်ရှိရာ သစ်ပင်ကိုသာ မဲပြစ်နေလေသည်..။

မဟုတ်မှ..တဖက်က လူက ဝရသံ လား။သူကိုယ်တိုင်လိုက်လာတာလား။

ရှေးခေတ် သေနတ်တွေမို့ ကျဉ်က တတောင့် ထဲ့လိုက်ပြစ်လိုက် နဲ့ မို့ ဦးခေတ် စိတ်သာ တိုလာမိတယ်။
သုယောန ပြစ်သမျှကို တဖက်က ရှောင်တိမ်းနေသော်လည်း..သူ့ဘက်ကိုသာ အားဆိုက် ပြစ်နေတာမို့...သူပြန်ပစ်သမျှက အရာမထင်။

နောက်ဆုံးတော့..တဖက်လူက သည်းမခံ နိုင်တော့ဟန်နဲ့ သုယောန ဖက်တချက် ပစ်လေတော့တယ်။ဒါတောင်ထိအောင်ပစ်တာမဟုတ် ခြောက်ရုံမျှသာ ရှောင်ပစ်လိုက်တာပင်..။

ထိုလူ သုယောန ဖက်ကို ပစ်လိုက်ချိန်မှာပဲ သူလဲ အခွင့်ကောင်းယူပြီး ပြစ်လိုက်တော့သည်..။

လဲ ကျသွားတဲ့ ထိုလူ သေပြီ ဆိုတာ သေချာ မှ အနီးသွားကြည့်တော့..အာရှာကောင်ရဲ့တပည့် သူရဇ္ဇ ဆိုသူ ဖြစ်နေလေသည်။

"ကဲပါနောင်ကြီးရယ်..အချိန်လင့်တော့မယ်..မြန်မြန် ခရီးဆက်ကြရအောင်...

သုယောန စကား ကို သူ ခေါင်းငြိမ့် လိုက်ရင်း..ခေါ်ရာနောက်ကို လိုက်ခဲ့တော့ ကမ်းနားမှာ ကြိုစောင့် နေဟန်ရတဲ့ လှေငယ် တစင်း..။

"လွယ်ထားတဲ့ အထုတ်ထဲမှာ သုံးစွဲဖို့လုံလုံလောက်လောက်ပါပါရဲ့..ဆက်စောင့်ရှောက်ထားပေးဖို့ မလွယ်ကူတော့လို့..ကတိတွေကို မတည်နိုင်တော့ လေ ဘူး...သွားလေတော့ နောင်ကြီး..ကံမကုန်သေးရင်တော့ တချိန်မှာ ပြန်ဆုံချင်ပါရဲ့..

လရောင် အောက်မှာ..နွမ်းလျလျ မျက်နှာကို ကြည့်ရင်း...ဦးခေတ် ရဲ့ စိတ်အလျင်က ဖယိုဖရဲ..။

ဘာလို့လဲ..ဘာလို့များ..သူ့မှာ ကူညီနိုင်တဲ့ ခွန်အားမရှိရတာလဲ..။
ဒီလူသား..ဒီလူသားလေးကို ဘာလို့များ ဒီလို အနေအထားမှာမှ လာတွေ့ခွင့်ရ ရတာလဲ..။

"ကိုယ်တယောက်ထဲ သွားရမှာလား..ကိုယ်တယောက်ထဲ ဆိုရင်တော့ မသွားချင်ဘူး..ကိုယ့်ကို
မနှင်ပါနဲ့လား..ယောန...

ငုံ့ထားရင်း မျက်လွှာ ချတောင်းပန်နေသူကို မေးဖျားလေးက မေ့ယူလိုက်တော့..သုယောန မျက်ဝန်း အိမ်ထဲမှာ ရစ်သိုင်းကြည်လဲ့နေတဲ့ ပုလဲ ငယ်တွေနဲ့..။

"ယော...ယောန...မင်း

သူ့စကားမဆုံးခင် ယောနက တဖက်လှည့်ကာ..မျက်ရည်တို့ကိုသုတ်ရင်း...

"အာ..ဤ သောင်ပြင်က သဲ ဖုန် များလှတယ်ပါ့..မှုန်တွေဝင်ကုန်ပြီ

နောင်ကြီးတို့ နေထိုင်ရာ နေရာမှာ အမျိုးသား အချင်းချင်းလဲ ချစ်ခင်ကြ လေတယ်တဲ့..။ဒီလိုဆို..ကြှနျုပျရော နောင်ကြီးကို ချစ်ခွင့် ရှိလိမ့်မလား..။နောင်ကြီး နာကျင်နေရတယ်လို့ ကြားရ စဉ်..ခန..ပူလောင်လာတဲ့...စိတ်နှလုံးကိုလဲ မညာလိုတော့ဘူး...။သို့ပေသည့်..ခုမှ ဖွင့်ဟလို့ နောင်ကြီး က လက်ခံ ရင်ရော..ဘာများထူးတော့မှာလဲလေ...။မဖြစ်မနေထွက်ခွာသွားရ မဲ့သူနဲ့..မလွဲမသွေ နေရစ်ခဲ့ရမဲ့ ကြှနျုပျနဲ့..အစထဲက အရာရာဟာ ကောင်းကင်နဲ့ မြေကြီးပါပဲ..။ဒီအရှုပ်ထုပ်ထဲ နောင်ကြီးကိုခေါ်သွင်းလိုက်မိသူက ကြှနျုပျပမေို့..ခံစားရလဲ ကြှနျုပျအပွဈနဲ့ ကြှနျုပျသာ ရှိပါစေတော့..။သွားလေတော့...ဤဘဝတော့ ဤမျှပါပဲ..မြတ်နိုးမိသူရေ။

လွှဲ ဖယ်ပြီး မျက်ရည်တွေသုတ်နေသူကိုမြင်တော့...တရိပ်ရိပ်တိုးလာတဲ့ ရင်ခုန်မှု့ တွေနဲ့ ယောနငယ်ရဲ့ နှုတ်ခမ်းပါးတွေကို ဖိကပ်နမ်းမိတော့တာ က မေ့မေ့မောမော...။

မနီးမဝေးက လှေသမား မြင်၏ မမြင်၏ ဂရုမစိုက်နိုင်..။

ခွဲခွာရမှာမို့..ကြေ ကွဲ နေမိတာ သူတယောက်ထဲ မဟုတ်ဖူးပဲ..။ယောနငယ်လဲ..သူ့ကို ချစ်နေတာပဲ..။

နမ်းလေ နမ်းလေ မက်မပြေတဲ့ နှုတ်ခမ်းပါး တို့က သူ့ကို ထက် လိုချင်လာအောင်သာ ဆွဲဆောင်နေတာမို့ နမ်းနေမိတာ ဘယ်လောက်ကြာမှန်းတောင်မသိ..။ပါးစပ်ထဲ ဝင်လာတဲ့ သွေး အရသာနဲ့ အတူ သုယောန အတင်း တွန်းလွတ်လာမှ သူ ဖယ်ပေးလိုက်တော့...မျက်လုံးဝိုင်းတွေနဲ့ တအံ့တသြ ကြည့်နေသူနဲ့ အကြည့်ချင်းဆုံမိတော့တယ်..။

ယောန ရဲ့ တအံ့တသြ ပုံလေးက လရောင်အောက်မှာ..တကယ့်ကို တောက်ပစွာ..။နှုတ်ခမ်းတောင့်လေးမှာတော့...သူ အသဲယားပြီး အတင်းနမ်းမိလို့ ပေါက်နေတဲ့ အနာလေးကလဲ..မြတ်နိုးချင်စဖွယ်အတိ။

သုယောန သူ့ကို အတင်းနမ်းပြီး တွန်းလွှတ်တော့လဲ ပြုံးစ စ မျက်နှာဘေးနဲ့ ဆိုက်ကြည့်နေသူကြောင့်..အတွေးတို့က ကယောက်ကယက်။

နောင်ကြီးက..ကြှနျုပျကို နမ်းတယ်..။

ဒါ..ဒါဆို..နောင်ကြီးကလဲ ကြှနျုပျကို...

(ဂျလောက်)

အတွေးလွန်နေတုန်း နားထဲ ကြားလိုက်တဲ့ အသံတိုးတိုးကြောင့် ၂ယောက်လုံး အသံလာရာဆီ လှည့်ကြည့်မိတော့...။

"နောင်ကြီး...သတိထားလော့

ဒိုင်းးးးးးးးးးးး

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Onde histórias criam vida. Descubra agora