အပိုင်း ၂၄

137 11 0
                                    

"ဟာ...နောင်ကြီးရာ..ငြိမ်ငြိမ်နေလှည့်ပါ..ဒုက္ခတွေတော့ များကုန်ရော့မယ်။

သုယောနက သူ့လက်ထဲက အကျီ
ကြိုးကို လုလိုက်ပြီး မြန်မြန် ပင် ချွတ်လိုက်တော့သည်။သူ့ဒဏ်ရာက နှလုံးနဲ့ ဂျိုင်း ကြားမှာမို့..ဂျိုင်းမြှောက်လဲနာ..အသက်ရှူလဲ နာနဲ့..နေရတာ မချောင်လှ။ဒီခေတ်ရဲ့ ဆေးဝါးတွေကလဲ..ကောင်းမွန်တာမဟုတ်ဖူးရယ်။ကုသတယ်လို့ ဆိုပေမဲ့သစ်ရွက်သစ်ဖု ထုထောင်းပြီး အုံကာ အဝတ်တင်းတင်းစီးထားရုံမျှသာ.။နောက်ဆုံး တော့ သူလဲ လက်လျော့လိုက်ရပြီး..သုယောန ပြုသမျှပဲ အလိုက်သင့်နုရတော့တယ်။

....................................................
စိတ်လျော့လော့..စိတ်လျော့လော့ သုယောန..။ဒါ..လူနာပြုစုနေတာပါ့..နေရထိုင်ရ မခက်လင့်။

ဇောချွေပြန်ကာ လက်တွေတုန်ချင်လာသည်မို့..သုယောန ကိုယ့်ဘာသာ စိတ်ထဲက ပြန်အားပေးနေရလေတယ်။အရင်နေ့တွေက ရင်ထဲ တလှပ်လှပ်ဆိုပေမဲ့..နောင်ကြီးသတိမေ့နေသည်မို့ထင်ရဲ့..ခုလောက်ထိ ရင်တွေပန်းတွေ မတုန်ဖူးခဲ့ပါ။နောင်ကြီး ရှေ့မှာ မှ ဤသို့ဖြစ်နေရတာ တော်တော့်ကို အဆင်မပြေ။မတော် ရိပ်မိသွားရင် ခက်ရချေရဲ့။မြန်မြန်ပြီးအောင်လုပ်မှပါလေ..ခြေဖျားလက်ဖျားတွေတောင် အေးကျင် လှပြီ။အဖျားများကူးချင်၍လားမသိ..ဟူး။

ရေဘက်တိုက်ခံနေရတဲ့ ဦးခေတ်မှာ..သုယောနကို ရိပ်မိဖို့ နေနေသာသာ..အဝတ်ကို လွတ်ပြီး တချက်တချက် သူ့အသားစိုင်တွေဆီ လာလာ ထိ နေတဲ့ လက်ကြောင့်..ထိမိတဲ့ နေရာ တွေ တိုင်း ပူလောင်ပြီး ကျန်ခဲ့ ရတာမို့ အသက်တွေသာ ယောင်ရမ်းပြီး ဖိ ရှူနေမိတယ်။

ကျွတ်...ယောကျာ်းချင်း ထိမိတာလေဦးခေတ်ရာ..။အားးးနေရခက်လိုက်တာကွာ။

တဖြေးဖြေး နီလာတဲ့ နားရွက်မျက်နှာနဲ့ နားရွက်ဖျားတွေက ထူထူပူပူ...။တော်သေးတာပေါ့..။အဖျားရှိနေချိန်မို့ အသားက နည်းနည်းနီနေတာပဲလေ..သုယောန မမြင်လောက်ပါဘူး။တော်ကြာ တမျိုးထင်သွားရင် မကောင်းဘူး။ဟူး

၂ယောက်လုံး အတွေးကိုယ်ဆီနဲ့ အဝတ်လဲ အပြီး သတ်ပြင်းချလိုက်စဉ်မှာပဲ

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now