အပိုင်း ၂၀

156 12 0
                                    

ဦးခေတ် ကုတင်ပေါ်ကနေ ဆင်းလာလိုက်ပြီး ရာဇရှေ့က ခုံ မှာ ဝင်ထိုင်လိုက်လေသည်။အမှတ်တမဲ့နဲ့ ရာဇနှုတ်ခမ်းတွေ ကြည့် လိုက်မိ
ရင်း အားခေါင်ခြောက်လာသလိုလို။

အာရုံကို ဇွတ်မှိတ်လွှဲလိုက်ကာ

".နည်းနည်းသဘောမပေါက်လို့လေ..လွန်ခဲ့တဲ့ ၆လ ထဲက ည ည ဆို ဘာမှန်းမသိ တဲ့ အိမ်မက်တွေ မက်မက်နေတာ နိုးလာရင်လဲ..သတိမရဘူး...မင်းပြောပုံအရဆို..အဲ့ညတွေက ငါ သိတ္တဓဝဠာ ပြည်ကို ငါရောက်နေတာပေါ့...ဟုတ်လား...အာ့လိုကနေ ဒီလက်စွပ်ကိုစွပ်မိပြီး ၃ ရက်လုံးလုံးအိပ်ပျော်သွားတော့မှ..ငါမ မှတ်မိတဲ့ အဲ့တုန်းက အဖွဈအပကျြတှကျေို အိမ်မက်အနေ နဲ့ ပြန်မက်တယ်
အဲ့လိုလား...

"ဘရာဗို..ဟုတ်တယ်..အဲ့အတိုင်းပဲ
ခင်များ ဟိုဘက်ကိုဆင့်ခေါ်ခံရတုန်းက..လက်စွပ်က ကျုပ်စွပ်ထားပြီး..ကျွန်တော်က ဆုတောင်းလို့ခင်များရောက်လာရတာလေ...။ခင္မ်ား..ကျွန်တော့်ကုိ မမှတ်မိတာမြင်တော့...လက်စွပ်နဲ့ဆိုင်လောက်တယ်ထင်လို့..ခင်များလက်ထဲအရောက်စွပ်ပေးလိုက်တာလေ

နေဦး...သူပြောသလို...ငါ..ငါတို့ကအတိတ်တုန်းက ချစ်သူ တွေဆိုရင်...ဘယ်သူက အပေါ် ဘယ်သူက အောက်လဲ...။

တွေးလိုက်မိရင်း..သိချင်စိတ်က တလိမ့်လိမ့်....။နောက်ဆုံးတော့..ကိုယ့်စိတ်ကိုယ်မနိုင်တော့တာကြောင့် ရသလို အစ်အောက်မေးဖို့ပဲ ကြံစည်ရတော့တယ်,
ရှေ့ စားပွဲ ပေါ်က ကော်ဖီ ခွက်ကို ယူ ရင်း..တည်ငြိမ်ချင်ယောင်ဆောင်ကာ...

"အဟမ်း..ဒါနဲ့..ငါတို့က အတိတ်မှာတုန်းက ချစ်သူ တွေ ဖြစ်ခဲ့ ကြတယ် ဆိုတော့...ကုတင် မျှသုံးတဲ့ အဆင့်ထိ ရှိ ခဲ့ကြလား...

သိချင်စိတ်နဲ့..အလောတကြီး
မေးပြီးကာမှ..နောင်တရချင်သွားသည်။

.စွကျိုးနဲ့..ဒါကြီးက တည့် မဆန်လွန်းဘူးလားဟ။ရှက်လိုက်တာကွာ..။

အတွေးထဲ ကယောက်ကယက်ဖြစ်နေ ပေမဲ့ အပြင်မှာတော့ ဆက် တည်ငြိမ် နေရတော့တယ်။

"အင်းပေါ့..ကျွန်တော်တို့ အတူ အိပ်တဲ့ အဆင့်ထိ ပတ်သတ်ခဲ့တာပါ.

ကော်ဖီခွက်ကြီး နှုတ်ခမ်းနားတော့ပြီး ခုထိ သောက်တဲ့ စီ မရောက်နိုင်တဲ့ ဦးခေတ်ကို ကြည့်ပြီး..သူကြိတ်ရယ်မိတော့တယ်။

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now