အပိုင်း၄၆

140 9 0
                                    

"အဂ္ဂ..ဇေတ ဘက်က အသင့်ဖြစ်ပြီ တဲ့လား...ကိုယ်တော် ထွက်သွားပြီး နောက် တချက်တီး (1နာရီ) လောက်နေရင်..နန်းပြင်က တပ်ကို ထိုးစစ် စဆင်ခိုင်းလိုက်တော့

"မှန်ပါ..အရှင့်သား...ဒါနဲ့. နောင်ကြီးဦးခေတ်ကို နောက်မှကယ်လို့ မရဘူးလားဘုရား

အဂ္ဂစကားကြောင့်..သုယောန သက်ပြင်း လေးတွဲ စွာ ချလိုက်ရင်း

"လက်မထပ်ရဖို့ပဲဖြစ်ဖြစ် ...ဤ တိုင်းပြည်အတွက်ဟုပဲ ဆိုဆို...မဖြစ်တော့၍သာ တိုက်ရတယ်။နှစ်ရှည်လများ ပြင်ဆင်ထားခဲ့လေတာမဟုတ်တော့..အကယ်၍ ဆိုပြီး..ကြိုစီစဉ်ထားရမှာပါ့..။မနိုင်ခဲ့သည် ရှိသော်...ကြှနျုပျသရေဲတယျ
သိုပေမဲ့...နောင်ကြီးကို ကတိပေးထားဖူးတယ် မဟုတ်လား..သူ့အသက်ကို ဘာကြောင့် မှ မထိခိုက်ဖို့..ကတိပြုပါတယ်ဆိုပြီး...။မင်းမှာသစ္စာလူမှာကတိတဲ့လေ..။တည်ရမှာပေါ့..။ပြီးတော့..ကြှနျုပျဆေးမိတာနဲ့..ခင်မျာ..မှာ ဒုက္ခရောက်ရ ရှာတယ်မှတ်လား...။ကမ်းစပ်က လေသမားထံ ပို့ပြီးတာ နဲ့ ကြှနျုပျ ပြန်လာ မှာပါ..ဒီအတောအတွင်း ခန စီစဉ်ထားလှည့်ပါ

သူ့ကို ကြှနျုပျက ဆင့်ခေါ်ခဲ့မိတာလေ..။
သူ့ကို ကြှနျုပျက ချစ်မြတ်နိုးလိုက်မိတာလေ။
သူ့ကို ကြှနျုပျက ဘေးကင်းစေချင်မိတာလေ..။

နောင်ကြီး ကို အရင် ဘေးကင်းရာ ပို့နိုင်မှ စိတ်အေးနိုင်မှာကို..သုယောနဆိုတဲ့...သူကလွဲလို့ ဘယ်သူက သိနိုင်ပါ့မလဲ..။

"သွားလော့မောင်မင်း..ကြှနျုပျလဲ သွားတော့မယ်

ပြောရင်း မျက်နှာကို အဝတ်မဲနှင့် ဖုံးအုပ်ကာ လှည့်ထွက် လာလိုက်တာက ဦးခေတ်ရှိရာ အကျဉ်းခန်း ဆီသို့...။

.... .... ... .......... ..... ..

"နောင်ကြီး..နောင်ကြီး..ထလော့...

သူ့တောင်းဆို ချက်ကြောင့် ဝရသံ ဦးခေတ်ကို မနှိပ်ဆက်ကြတော့ပဲ ဆေးကုပေးထားတာ ၂ရက်မျှရှိ နေပြီ ဖြစ်ကြောင်း သိတာမို့..ဒီလောက်ဆို ပြေးလို့ ရလောက်ပြီ ထင်တာပဲ။သူအကဲ ခတ်ရသလောက်ဆို..ဝရသံ လို လူက သေချာပေါက် နောင်ကြီးကို အသညတကြည် လွှတ်ပေးလိမ့်မယ်မဟုတ်လေဘူး..တနည်းနည်းနဲ့ လုပ်ကြံလောက်တာမို့..ဘယ်လိုပဲ ဖြစ်ဖြစ် နောင်ကြီးကို အရင်ဝေးရာ ပို့ထားနိုင်မှ ဖြစ်လိမ့်မယ်။

လှုပ်နိုးနေသူကြောင့်..ဦးခေတ် နိုးလာတော့..တကိုယ်လုံး ရိုးရိုးဖျင်ထည် အနက်နဲ့ ရှမ်းဘောင်းဘီ လိုအနက်ရောင်ကို ဝတ်ဆင်ထားသည့်
ယောနကို တွေ့လိုက်ရတာမို့ အခြေအနေ ကိုသဘောပေါက်သွားသည်။ထွက်ပြေးရတော့မှာပဲ..။

အကျဉ်းခန်း ထဲ က ထွက်လာတဲ့ လမ်းတလျှောက် သုယောန အလာက သတ်ခဲ့ပုံရသည့်
အစောင့်တွေက သွေးအိုင်ထဲ အတုံးအရုံး..။

မှောင်ရိပ်တနေရာ အရောက်
သုယောန က အကျီ တစုံ နဲ့ အိတ်တလုံး ကမ်းပေးတာမို့..သူ အမြန် ပင် လဲ လှယ်လိုက်သည်။

ပုန်းရင်း ကွယ်ရင်း အမြန်ပင် နန်းပြင်ထွက်လိုက် ကြပြီး..အသင့် ပြင်ထားသည့်..မြင်း ပေါ် တတ်လိုက်ကာ..တောတွင်းဆီသို့အသော့နှင်ရတော့တယ်..။

လူသွားလမ်းက သွားလဲ ရပေမဲ့..မတော်လို့ နောက်က လိုက်လာလျှင် မိသွားမှာ ဆိုးရတာမို့ တောထဲကသာ ပက်သွားဖို့ ကြံစည်ထားခြင်းပင်။

သွားနေစဉ်..မြင်း နောက်က ပါလာသည်..နောင်ကြီး က

"ယောန..နောက်က မြင်းသံ ကြားသလိုပဲ...

နောင်ကြီးစကားကြောင့် မြင်းရပ်လိုက်ပြီး နားထောင် တော့ ဟုတ်နေတာမို့..ချက်ချင်း အောက်ဆင်းလိုက်ကြကာ...မြင်းတင်ပါးကို ရိုက်လွှတ်လိုက်တာ မို့..မြင်းကလမ်းအတိုင်း တရှိန်ထိုး ဆက်သွားလေတော့တယ်

"လာ..ကြှနျုပျတို့..တောထဲကနေပဲ..ခြေလျင်ဆက်သွားကြမယ်..

ယောန စကားကို ခေါင်း ငြိမ့်လိုက်ရင်း..သူတို့ ဆက်သွားလိုက်ကြစဉ်.

ဒိုင်းးးးးး

နောက်က လှမ်း ပြစ်လိုက်သည့်သေနတ် သံကြောင့် အမြန်ပင် သစ်ပင် နောက်မှာ ကွယ်လိုက်ကြတော့..သူနဲ့ ယောန နဲ့ က သစ်ပင် ၅ပင် ခြားမိလျက်သား...။

တဖက်က သူက ဦးခေတ်ရှိရာ အပင်ဆီသို့သာ မဲ ပြစ်နေတာမို့ ဦးခေတ်မှာ...ပြန်ပစ်ခွင့်မသာ ဖြစ်နေတာမို့..သုယောနကပဲ ဒီဘက်ကနေ ပြန် ပြစ်ပေးနေရသည်။

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now