အပိုင်း၂၈

124 10 0
                                    

အရှေ့ဥယျာဉ် တော်မှာ နေထွက်ချိန်ဆို..ကြည့်ရတာ သိပ်လှတယ်ဟု ကြားဖူးတာမို့..သူလဲ အိပ်မပျော်တော့မဲ့ အတူတူ လမ်းလျှောက်ထွက်လာလိုက်သည်။လျှောက်လာနေရင်း ခပ်လှမ်းလှမ်းက တွေ့လိုက်ရတဲ့ လူရိပ်တွေကြောင့် ဆက်လျှောက်မသွားဘဲ..ရပ်ကြည့်နေမိတယ်။

လူရိပ်တွေက ၂ ဦးသား ရင်ချင်း ထိလုမတတ် မျက်နှာချင်းဆိုင် နီးကပ်နေပြီး..အဖြူရောင် အဝတ်နဲ့ လူက သူ့ထက် ၅ လက်မ လောက် အရပ် နိမ့်တဲ့ လူရဲ့မေးဖျားကို လက်ညိုးလေးနဲ့ ကလူဟန်ပင့်ကိုင်ထားတယ်...။အမှန်ဆို... ၅လက်မလောက်နိမ့်နေတာမဟုတ်ပဲ..အဲ့ အဖြူခေါင်းမြှီးခြုံကောင်ကသာ..အရှည်လွန်နေတာလို့ ပြောရမယ်ထင်တယ်။တကယ်တမ်းနိမ့်တယ်ဆိုတဲ့လူရဲ့အရပ်က...က..ဟင်

နေ..နေဦး..အဲ့တာ သုယောန...။

မေးဖျားလေးကနေပင့်ခံထားခြင်းခံရတဲ့လူဟာ သုယောန မှန်းထင်ထင်ရှားရှားမြင်လိုက်ရတာနဲ့..ရင်ဘက်ထဲ အလုံးအရင်းနဲ့ ဝင်လာသည်က..မနှစ်မြို့ခြင်းတွေ...။သူစိုက်ကြည့်နေတာက ဘယ်လောက်ကြာမြင့်သွားမှန်းသူမသိ..။သတိပြန်ဝင်လာချိန် သုယောန က လှည့်ထွက်သွားသည်မို့..ကျောပြင်သာ မြင်ရတော့တယ်။သူ့လိုပဲ...အဖြူရောင်ကောင် ကလဲ..သုယောန ကျောပြင်ကို မျက်စိတစုံးလိုက်ကြည့်နေသေးသည်။ဒါကို..မြင်တော့ တွန့်ချိုးနေမိတဲ့ မျက်ခုံးတွေက ပိုကုတ်ကြသွားကာ...လှည့်ပြန်လာမိတာ..အဆောင်ကို ဘယ်လို ပြန်ရောက်လာမှန်းမသိတော့။နေထွက်ချိန်ကြည့်ဖို့လဲ..သတိမရနိုင်။

ရင်ဘက်ထဲက...အလိုမကျခြင်းတွေနဲ့...ခါးခါးသီးသီးဖြစ်နေတဲ့အကြောင်းပြချက်ကိုတွေးမိတော့..ထိတ်ခနဲ။

ငါ..ဘာဖြစ် နေတာလဲ..။
ဒီ..ဒီခံစားချက်က..မဟုတ်မှ
သဝန်တိုနေတာ လို့တော့
ငါ့မပြောနဲ့နော်..။

ရှုပ်ထွေးနေတဲ့ စိတ်အလျင်နဲ့..သုယောန ကိုမျှော်နေမိတယ်။အခြေအနေသိချင်သေးတာမို့..သုယောန ပြန်လာရင်တော့..မေးမြန်းကြည့်ချင်သေးတယ်လေ..။သို့သော်လည်း...ထိုနေ့က သုယောန ရောက်မလာ။ထိုနေ့တွင်မကဘဲ..နောက်နေ့..နောက်နေ့ရဲ့နောက်နေ့ထိ..သုယောနက အရိပ်ပင် မမြင်ရ။သူ့ဆီလာမတွေ့ရုံသာမဟုတ်...သုယောနက သူ့အိပ်ဆောင်ကိုပင်ပြန်လာပုံမရ..။သုယောနရဲ့ အခန်းက သူ့ဘေးအခန်းပင်ဖြစ်တာမို့ သုယောန ပြန်လာရင် တံခါးဖွင့်သံ ပစ္စည်းရွှေ့သံတွေလောက်တော့ကြားရမှာ ပင်...။အခုတော့..အရာရာဟာ တိတ်ဆိတ်လို့။

မျှော်နေသူမို့ပေလား...၃ရက်ဟာ..၃ကမ္ဘာလောက် ကြာညောင်းသယောင်ယောင်...။ဒီကြားထဲ တချက်တချက်ဝင်ဝင်လာတဲ့..ဥယျာ်ဉ်တော်ထဲက မြင်ကွင်းက မျက်စိထဲ တဝဲလည်လည်။တနေ့ ၁၆ခါလောက်တွေးမိပြီး...စိတ်ရှုပ်နေရတာနဲ့...စားလို့လဲမဝင်...အိပ်လို့လဲ မပျော်နိုင်တော့။စားဖို့ ကြိုးစားတော့..ဒေါသတွေနဲ့ရင်ပြည့်နေပြီး
အိပ်ဖို့လုပ်ပြန်တော့...လစ်ဟာနေတဲ့စိတ်နဲ့...မျက်စိ ကြောင်တယ်။

ပထမတရက်က..မဟုတ်လောက်ပါဘူး...သုယောန လာမတွေ့တာလဲကောင်းတယ်..သူ့ဘာသာ သုံးသပ်ချိန်ရတယ်လို့တွေးခဲ့ပေမဲ့....မသိစိတ်နဲ့..အသံ ကြားတိုင်း
နားက တစွင့်စွင့်
ခေါင်းကတထောင်ထောင်..

နောက်ဆုံးတော့ကိုယ့်ဘာသာလက်ခံနိုင်ဖို့ပဲ ကြိုးစားရတော့တယ်။

ဟုတ်တယ်... သုယောနကို ချစ်တယ်

သူ............သုယောနကိုချစ်တယ်

သူ့အဖြစ်က ရယ်ဖို့ကောင်းသား...မိန်းမ မှန်သမျှကို ပက်မုန်းမိနေ၍များ...မိန်းမတွေဆီက ဝိုင်းပြီး ကျိန်စာ တိုက်ခံလိုက်ရသလားမသိ။ပထမဆုံးအကြိမ်အဖြစ်..သဝန်တို သတိရ စိတ်လှုပ်ရှားမိခဲ့တာက သူ့လိုပဲ..အားကောင်းမောင်းသန်ယောကျာ်းတယောက်တဲ့လား။ဟူး...အရင်ရက်က သုယောနကို နားချခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်ရင်း..သူ့ဘာသာ ပြန်တရားချရတော့တယ်။

ဟုတ်နေတော့ရောဘာအရေးလဲ။

သုယောနကို သဘောကျနေတာ ဟုတ်နေခဲ့တော့ရော ဘာအရေးလဲ..။
ချစ်နေသူက ယောကျာ်းတယောက် ဖြစ်နေတာနဲ့ပဲ..စွန့်လွှတ်ရရိုးလား လို့သူ့နှုတ်က သူကိုယ်တိုင် ပြောခဲ့တာပဲ မဟုတ်လား..။

လေးရက်မြောက်နေ့မှာတော့..သူ ထိုင်စောင့်မနေ နိုင်တော့သည်မို့..ထမင်းလာပို့နေကြ..အပျိုတော် အမျိုးသမီးကိုမေးဖို့ စဉ်းစား လိုက်တယ်...။

ဒီနေ့တော့..သူသေချာပေါက် သုယောန နဲ့တွေ့ရမှ ဖြစ်တော့မယ်။
နောက်မကျပါစေနဲ့တော့ ဆုတောင်း ရမှာပဲ..။ဒီ ၃ ရက်အတွင်း ဟို အဖြူရောင်ကောင်နဲ့ တပူးပူးလုပ်နေမလားလို့ တွေးမိတော့...စိတ်ကတိုလာပြီး အသက်ရှုသံတွေသာ ပြင်းလာတယ်။

ရှေးဦးခေတ်ရဲ့ရာဇဝင် (ZAWGYI)Where stories live. Discover now