Part-3

4.4K 215 1
                                    


တစ်စစ်စစ် ကိုက်ခဲနေတဲ့ ဝမ်းဗိုက်ထဲက ဝေ
ဒနာကြောင့် လွမ်း နိုးလာရလေသည်။

"ဗိုက် သားတွေက မတရား ကိုက်လိုက်တာ ''

ညည်းညူပြီး အိပ်ယာနံဘေးမှာ ချထားတဲ့ နာရီလေး.
ထံမေးမော့ကြည့်လိုက်တော့ မနက်2နာရီသာ
ရှိနေသေးသည်။

"2နာရီဘဲရှိသေးတာလား?? ကျစ် ဗိုက်တက် ပါတယ်
ဆိုမှ ''

ဗိုက်တက်တဲ့ ဝေဒါနာအပြင် ခေါင်းကပါမူးနေသေး
သည့်အတွက် အိပ်ယာထဲကထပြီးလည်းဆေးရှာ
မသောက်ခြင်။ ဗိုက်သားကိုလက်ဖြင့်ဖိပြီး အိပ်ယာက
ကုန်းထလိုက်တော့ အတွေးထဲရောက်လာတဲ့
အ​ကြောင်းအရာ။

"သွားပြီ ငါသန့်ရှင်းရေးပြီးအောင်မလုပ်ရသေးဘူး
ကိုကို...ကိုကိုတော့ ငါ့ကို ဒေါသထွက်နေပြီထင်တယ်''

သန့်ရှင်းရေးလုပ်နေတုန်းခေါင်းတစ်အားမူးလာလို့
မထိန်းနိုင်ဘဲ လဲကျ သွားသည်အထိတော့ သူမှတ်မိသည်။
အိပ်ယာပေါ်ဘယ်လို ပြန်ရောက်နေလည်းဆိုတာတော့
မသိတော့။

အလုပ်တွေမပြီးဘဲ အိပ်ယာထဲဝင်နေတာဒါ ကိုကို
သိရင် သတ်မှာ သိနေသည့်လွမ်း စိတ်ညစ်စွာနဲ့သာ
ခေါင်းအောက်ငိုက်စိုက် ကျသွားလေသည်။
ခေါင်းငုံ့လိုက်မှ ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ အဝတ်
အစား ပြောင်းနေတာ သတိထားမိလိုက်ပြီး
မျက်ခုံးပင့်တက်သွားလေတော့သည်။

"ငါ့ အဝတ်တွေ..... ဦးဘသောင်း လဲထား
ပေးတာများလား.. ဒါမှ မဟုတ် ကိုမောင်သစ်လား??'
ကိုကို တော့မဖြစ်နိုင်ပါဘူးလေ..ခုလောက်ဆို
ငါ့ကိုစိတ်တိုလို့ သတ်ခြင်နေပြီလားတောင်မသိဘူး'

ကိုကို အကြောင်း တွေးမိပြန်တော့ ရင်ဘတ်ထဲက
အောင့်တက်လာမိပြန်သည်။ ချစ်သော သူရဲ့အမုန်း
ကို ဖောဖောချူချူ ရရှိနေတဲ့ မိမိ။ နှလုံးသားထဲမှာ
အကြိမ်ကြိမ် ငိုနေခဲ့ရလေသည်။

" အာ့ ''

မတရား တက်လာတဲ့ ဗိုက်ကြောင့် လွမ်း မထနိုင်သော်လည်း
ဆေးရှာသောက်ရန် အိပ်ယာကအားယူထလိုက်လေသည်။
မူးနေတဲ့ခေါင်း တက်နေတဲ့ဗိုက်က ခွန်အားကို စုတ်ထုတ်
သွားသလို မခံနိုင်ဘဲ နောက်ပြန်ထိုင်ရက် ပြုတ်ကျသွား
လေ၏။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now