Part-37

3.4K 135 11
                                    


Unicode

Part-37

ကျွန်တော် အိပ်ယာနိုးတော့ ကျွန်တော့
ချစ်ရသူက အိပ်ယာပေါ်မှာ
အိပ်စက်နေတုန်း။

ရေချိုးအဝတ် လဲ ပြီးချိန်ထိ
ကိုကိုဟာ မထသေး။ ညက တော်တော်လေး
ပင်ပန်းသွားရှာတဲ့ ကိုကို နဖူးကိုငုံနမ်းရင်
နှာသီးလေးကို လက်လေးနဲ့အသာဖြတ်ညစ်
လိုက်တော့ရှုံမဲ့ကာ လူးလိမ့်လာလေသည်။

" ကိုကို..ထတော့...''

"အင်း...ဟင်း...''

ကဲ.ကြည့်လူကမထသေးဘူး။
မျက်နှာကြီးရှုံမဲ့ပြီး နှုတ်ခမ်းထှော်ကာ
မထချင်ကြောင့် ခေါင်းသွင်သွင်ယမ်းပြနေတယ်။

ဘယ်လောက်အသည်းယားဖို့ကောင်းလည်း။

" ကိုကို...ထတော့ကွာ...မိုးလင်းနေပြီ
ဆေးရုံနောက်ကျတော့မယ်...''

"မသွားဘူး...အိပ်ချင်တယ်...''

"အယ်...ဒီလိုဒေါက်တာမျိုးတွေတာအကုန်ဆို
လူနာတွေ အတွက်ရင်လေးစရာဘဲ..''

စလိုက်​ေတာ့ ဒိုင်းကနဲ ရောက်ရှိလာတဲ့
ကိုကို့ မျက်ဝန်းတွေ။ အိပ်ချင်တဲ့လူက
မျက်လူးကြီးပြူးကျယ်လို့။

" ငါ မထချင်တာဘယ်သူ့ကြောင့်လဲ
မလုပ်ဘူးလို့ပြောနေတာကို အတင်းလိုက်လုပ်နေတာ
ဘယ်သူလည်း...မင်းလေ..မင်းဆိုတဲ့ခွေးသူတောင်းစား
ကြောင်​့ငါအိပ်ရေးပျက်ရတာ..''

နှုတ်သီးကောင်းလျှားပါး ရန်တွေ့နေသူက
ကျွန်တော့ရဲ့ ကိုကိုပါဘဲ။

" ဟုတ်ပါတယ်..ကျွန်တော့ အမှားပါ..
ကျွန်တော့အမှား...ထတော့နော်...
ေရချိုးတော့...ကျွန်တော်နဲ့အတူ
မနက်စာ သွားစားကြရအောင်..''

"ဟွန့်...''

ရွှေမျက်စောင်းတော်ဝင်းကာ
ကုတင်ပေါ်က ကွတတလေးဆင်းပြီး
ရေချိုးခန်းထဲ ဝင်သွားသူ
ကျွန်တော့ရဲ့ကိုကို။

ညလယ်ပိုင်းအထိ ခွေးသူစားရဲ့ကောင်းမှု့ကြောင့်
ဆက်..အိပ်မပျော်နိုင်ခဲ့။ ရေစက်ထိတိုင်း
အသည်းတစ်ကြိမ်းကြိမ်း ဖြစ်သွားတဲ့
အသားရဲ့ ထိတွေ့မှု့။

သူတောင်းစားကြောင့် ရေစက်တွေကတောင်
ငါ့စိတ်ကို ထန်စေခဲဲ့ပြီ။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now