Part-15

3.6K 153 6
                                    

မြချို ။

မြချို ဆိုတဲ့ နာမ်မည်ကြောင့်
ဆက် အလုပ်် ဆက်မလုပ်နိုင်တော့
လောက်အောင် စိတ်တွေ ေထွပြား
လာပြီး မနေနိုင်တော့သည့် နောက်ဆုံး
ဆရာဝန် တစ်ယောက်နှင့် ဂျူတီ လှဲကာ
ရစ် ရှိရာ ကုမ္ပဏီ သို့ အဖြူရောင်
ဂျူတီကုဒ်လေးပင် မချွတ်နိုင်ဘဲ
ထွက်လာလိုက်သည်။

အချိန်တွေ 8နှစ်လောက် ကြာပြီးမှ
သူ(မ) ဘာလို့ ပြန်ပေါ်လာရတာလဲ။
ဘယ် သူ့ကို ပြသနာ ရှာပြီး ဒုက္ခပေး
ဖို့ ပြန်လာခဲ့တာလဲ မြချို ရာ။

အရာအားလုံး ပုံမှန်အတိုင်း ဖြတ်ကျော်
နေတာကို ကမှောက်ကမ ဖြစ်အောင်
လုပ်ဖို့ ဆိုရင် တော့ ငါခွင့်လွတ်နိုင်မှာ
မဟုတ်ဘူး မြချို။

ငါ့ အသွေးအသားတွေက လူသားမို့
စာနာစိတ်ထားပြီး ခွင့်လွှတ်တတ်ပေမဲ့
အတိုင်းအတာထက် ကျော်လွန်လာရင်တော့
မီးပြင်းပြင်းနဲ့ အပူပေးခံနေရတဲ့ ဆူပြီးသား
ရေနွေးလို အိုးထဲမှာ ပွက်ပွက် လန်လာ တတ်
တာ မင်းသိထားသင့်တယ်။

ကား အရှိန်ကို တတ်နိုင်သမျှ အမြင့်ဆုံးတင်
ပြီး ငှားလာတဲ့ ကားဆရာကို မောင်းခိုင်း
ထားဒါမို့ နာရီ ဝက်ခန့် အကြာမှာ
ရစ် ပိုင်တဲ့ ပို့ဆောင်ဆက်သွယ်ရေး
ကုမ္ပဏီ ကြီးကိုရောက်ခဲ့သည်။

ကားဆရာကို တစ်သောင်းတန် နှစ်ရွက်ထုတ်ပေး
ပြီး ပိုတဲ့ ပြန်အမ်းငွေကို ပါ မယူတော့ဘဲ
ကုမ္ပဏီထဲ အမြန်ဝင်လိုက်သည်။

နည်းနည်းလောက် နောက်ကျတာနဲ့ သူ(မ)
နဲ့ မဆုံမှာ လည်း စိုးသည်။
ကုမ္ပဏီမှာရှိတဲ့ အလုပ်သမားအားလုံး
နီးပါးက သူဘယ်သူဆိုတာ သိသည့်
အတွက် သူအလောတစ်ကြီး ဝင်လာ
တာကို ဘယ်သူမှ အထူးအဆန်းမထင်ကြပေ။

အရင်ကလဲ ဒီကုမ္ပဏီလာတိုင်း
အလောတစ်ကြီးနဲ့ သူဝင်ထွက် နေကြမို့ ဖြစ်သည်။

" ဆက်...ရောက်လာပြီလား ''

"သူတို့ အထဲမှာလား..အေးစု ''

"အင်..စကားပြောနေကြတုန်း
ဝင်သွားလိုက် ''

"အင်...အင် ''

အေးစု ကို ခေါင်းငြိမ့်ပြပြီး အခန်းထဲ
ဝင်လိုက်တော့ အသက်ဝင်တဲ့ အလှပဆုံး
အပြုံးတွေတဲ့ ရယ်မောနေကြတဲ့
လူနှစ်ဦးကြောင့် မျက်ခုံး တစ်ချက်ပင့်တက်
လိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now