part-11

3.8K 158 0
                                    

" ဆက်.. မင်းနဲ့ မောင်သစ်နဲ့က
ဘာတွေလဲ ''

ဆေးရုံကို ကားမောင်းကို့ရင်း မေးလာတဲ့
ရစ် အမေးကြောင့် ဆက် ညက အဖြစ်အပျက်
ကို ပြန်မြင်မိရင် ေဒါသ ထွက်လာပြန်သည်။

ကားမှန်ကနေတစ်ဆင့် ဒေါသ ဖြစ်နေတဲ့
ဆက်ပုံစံကို ရစ် ကောင်းကောင်း မြင်ရ၍။

" ဆက်...မောင်သစ်.. မင်ဒေါသ
ထွက်အောင် တစ်ခုခု လုပ်ထားတယ်မလား ''

"ကျစ်.... ''

"အဲ့ဒါ မင့်အပြစ်ဘဲ ရစ်..မင်းသာ
သူ့ကို ညကငါ့ဆီ လာမအိပ်ခိုင်းရင်
ငါဒေါသ ထွက်နေရမှာ မဟုတ်ဘူး ''

မာကျောတဲ့ လေသံနဲ့ ဆက် ပြောနေ
ကတည်းက ေဒါသ တစ်အားထွက်နေမှန်း
သိသာသည်။

" ငါတောင်းဆိုလို့ရမလား..ရစ်
ငါမင့်အိမ်မှာ အကြာကြီးဆက်နေရအုန်းမှာ
မင့်အိမ်မှာ နေနေတဲ့ တစ်လျှာက် အဲ့ကောင်မျက်နှာ
ငါမမြင်ချင်ဘူးကွာ..ငါ့ကို တစ်ခုခု မင်းလုပ်ပေးတော့ ''

" သူမင်းကို ကိုယ်ထိလက်ရောက်
စော်ကားလိုက်လို့လား ''

ဆက် တိတ်ဆိတ်သွားရသည်။
ဘယ်လို ထုပ်ပြောရမှာလဲ.. အဲ့မသာက
ငါ့ကို စော်ကားခဲ့တာပါလို့။

မပြောဘဲ တည်ငြိမ်နေတဲ့ သူငယ်ချင်းကြောင့်။

" ကောင်းပြီလေ...ငါမောင်သစ်ကို အလုပ်ထုတ်
လိုက်မယ်.. ဒါဆိုကျေနပ်လား ''

ဒီလိုဆိုပြန်တော့လဲ ဆက် မလုပ်ရက်။ဒါပေမဲ့လည်း
ရွှေးစရာမှမရှိတော့တာ။

" ကျေနပ်တယ် ''

စိတ်ထဲမပါပေမဲ့ ထိုအဖြေကို သူပေးလိုက်မိသည်။

" အ့..စပ်တယ် သူဌေးလေး ''

"အောင့်ခံလိုက်အုန်း မောင်သစ်
ဆေးထည့်လို့ ပြီးတော့မယ်နော် ''

" ဟုတ်..ဟုတ်ကဲ့ သူဌေးလေး ''

" သူဌေးလေး ''

နှုတ်ခမ်းဒေါင့်က ကွဲနေတဲ့ဒဏ်ရာကို
လွမ်းဆေးထည့်ပေးနေတုန်း အနားရောက်လာတဲ့
မိနှောင်း။

စိတ်မကောင်းတဲ့ မျက်ဝန်းတွေနဲ့ မောင်သစ်
ကိုလည်း ကြည့်နေသေးသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now