Part-16

3.5K 142 3
                                    


" ရပြီ.ရပြီ ကားရပ်လိုက်တော့ မြချို ''

ရုတ်တစ်ရက် လမ်းဝက်မှာ ကားရပ်ခိုင်းတဲ့
ဆက်ကို ဘားမှ မပြောဘဲ သူအလို
ကျအတိုင်း ကားကို လမ်းဘေး ထိုးရပ်
လိုက်သည်။

ကားရပ်သွားတာနဲ့ ကားပေါ်က ဆင်းပြီး
ကားတံခါး မပိတ်ပြီး သူဆိုလာသည်က။

" ရစ်နဲ့ အဝေးဆုံးမှာ နေပါမြချို
မဟုတ်လို့ကတော့ ဆက် ဘာကောင်လဲ ဆိုတာ
မင်းသိသွားလိမ့်မယ် ''

ခြိမ်းခြောက်တာလား။ အသိပေးသွားတာလား
တော့မသိ။ ပြောခြင်ရာ​ပြောပြီး
ကားတစ်စီး ငှားနေတဲ့ ဆက်ကျောပြင်ကို
ကြည့်ပြီး ဟက်...ခနဲ သူမ ရယ်လိုက်သည်။

*ငါကြောက်တတ်ရင် မြန်မာပြည်မလာဘူး
ဆက်...ငါ ဆုံးရှုံးခဲ့တာတွေကို ပြန်ယူဖို့
အချိန်တန်နေပြီ အဲ့အတွက် ငါ ရစ်အနားက
နည်းနည်းလေးမှ ေဝးဝေးနေမှာ မဟုတ်ဘူး
မင့်စကားကို နားမထောင်နိုင်လို့ sorry ပါ *

စိိတ်ထဲ၌ ေရရွတ်ပြီး ရပ်ထားတဲ့ ကား
ကို သူ(မ) မောင်းထွက် လိုက်သည်။

" ကားဆရာ ကျွန်တော့ကို ဒီဆေးရုံမှာ
ရပ်ပေးပါ ''

"ဟုတ်ကဲ့ ပါ  ''

အသွားတုန်းအလော တစ်ကြီးနဲ့ မချွတ် မိတဲ့
ဂျူတီကုဒ် ကို ရစ် ရုံးခန်းမှာတုန်းက ချွတ်ပြီး
အပြန်တွင် လက်ဖြင့် ကိုင်ခဲ့လိုက်သည်။

သူစာတမ်း ပို့ ရမဲ့ ဆေးရုံကို စာတမ်းပို့ရန်
အလုပ်ဆင်းနေတဲ့ ဆေးရုံမှာ ကားခဏ
ရပ်ခိုင်းပြီး လိုအပ်တဲ့ စာရွက် စာတမ်း
တွေ ယူကာ ကားပေါ် ပြန်တက်ပြီး
စားတမ်းပို့ရမဲ့ ဆေးရုံကြီးကို ပို့ခိုင်းလိုက်သည်။

ကျသင့်တဲ့ ကားခကို ရှင်း ကားဆရာကို
နူတ်ဆက်ကာဆေးရုံထဲ ဝင်လိုက်တော့
အလုပ်ရူပ်နေကြတဲ့ဆရာဆရာမ များနဲ့
လူနာတွေ လှမ်းလျှောက် ထွက်နေ
ကြလေသည်။

ကျန်းမာရေးအတွက် လူနာတွေကို
ခုလို လမ်းလျှောက်ထွက်ခိုင်းခြင်းက
ဖျားနာသူတွေကို ပိုမို သက်သာစေသည်။
အကယ်၍ အချိန်ပြည့် အိပ်ယာထဲမှာသာ
လဲ နေမည်ဆိုရင် ခြေရိုးအဆစ်များ အားမရှိဘဲ
ပျော့လာကာ ကျန်းမာဖို့ ပိုလို့ နောက်နေး
စေသည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now