Part-34

3.4K 142 2
                                    

Unicode

Part-34

ဖွင့်ထားတဲ့ အခန်းပုတင်းပေါက်ကနေတစ်ဆင့်
ဝင်ရောက်တိုက်ခတ်နေတဲ့ လေပြေညင်းလေးများက
ညအမှောင်ယံအလယ် ပူပြင်းမှု့ကို
ဖြိုခွဲပေးလို့နေသည်။

လေညင်းရဲ့ အေးမြမှု့ကြောင့် ကျွန်တော်ရဲ့
ဗိုက်ကလေးမှာလည်း ကုတင်လေးပေါ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လို့။

ညအတော်နက်တဲ့အထိ အလုပ်လုပ်နေတဲ့
ကျွန်တော်။အလုပ်တွေ ပြီးသွားချိန်မှာ
မအိပ်နိုင်သေးဘဲ..ညနေက ဆက် ယူလာ
ပေးတဲ့ လွမ်းငယ်နဲ့ ပတ်သက်တဲ့ ဆေးစစ်လွှာကို
တစ်ရွက်ချင်း ဖတ်လိုက်၏။

ဆေးပညာကို မသင်ယူခဲ့တဲ့ ကျွန်တော်က
ဆေးပညာပိုင်းကို မကျွမ်းကျင်ပေမဲ့
ရေးထားတဲ့ အကြောင်းအရာ တစ်ချို့ကို
တော့ ကောင်းကောင်းကြီးသိသည်။

လွမ်းငယ်ရဲ့ ခန္ဓာကိုယ် စစ်ဆေးချက် အရ
လွမ်း မှာ..နှလုံးသွေးကျောကျဥ်းတဲ့
ရောဂါ ရှိနေသည်။ ထို့အတွက်
ပေါက်စလေး မွေးဖွားချိန်တွက်
ရိုးရိုး မမွေးဘဲ ခွဲမွေးရမည်တဲ့။

ကျွန်တော်မသိအောင် အမေနဲ့ လွမ်းငယ်
ဘန်ကောက် မှာ  သူငယ်အိမ်သွားထည့်
သည့် ဆရာဝန်ကိုယ်တိုင် ပြောထားဒါမို့
ဒီအချက်ကို အထူးဂရုစိုက်ရမည်။

စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်
သူဖတ်ပြီး နောက်ဆုံးစာရွက်ရောက်ရှိလာချိန်
စာရွက်ထိတ်စီးပိုင်း၌ ရေးသားထားတဲ့
အမည်ကြောင့် ရင်ထဲက ဝမ်းနည်းစိတ်တို့က
တိုင်းဆမရအောင် တိုးဝင်လာပြန်သည်။

မေက..မူးယစ် ဆေးဝါးသုံးစွဲခဲ့သည်တဲ့လား။
မေ ရဲ့ ခင်ပွန်း ဖြစ်ပါရက်နဲ့ ဇနီးသည်ရဲ့
အကြောင်းကို ဘာတစ်ခုမှ
မသိခဲ့။

မေကို ချစ်သည်။အသည်းပေါက်မတတ်ချစ်သည်။
သို့သော်..ကျွန်တော်အချစ်တွေက မေအပေါ်
တစ်ကိုယ်ကောင်းဆန်ခဲ့သည်ထင်တယ်။
ပါးစပ်ကသာ ချစ်တယ်တစ်ဖွဖွ ပြောခဲ့တာ
တစ်ကယ့်လက်တွေ့မှာတော့ မေ ဘာကြိုက်သလည်း
မေ ဟာဘယ်လိုလူမျိုးလည်း။

အကုန်ခြုံပြီး ပြောရရင် ေမ မိဘတွေဟာ
​​ေသ သွားပြီဆိုတာက လွဲ ပြီး မေ
မိဘ ဘယ်သူ ဘာနာမ်မည်လဲတောင်
မသိခဲ့ဘူး။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now