part-7

4.2K 179 4
                                    


အခန်းထဲ အပြေးအလွှားဝင်လာတဲ့
လူနှစ်ယောက်ကြောင့် လွမ်းမှာ
အိပ်ယာကပင် ထထိုင်လိုက်ရလေသည်။

" ကိုကို နဲ့ ဒေါက်တာ..
ဘာဖြစ်လာကြတာလဲ ဗျ ''

"လွမ်းစေတည် ''

ကိုကိုရဲ့ လေသံမာမာနဲ့ အခေါ်ကြောင့်
လွမ်းမှာ ခန္ဓာကိုယ်လေးပါတောင့်တင်း
သွားရ၏။

ကိုကို ဘာဖြစ်လာတာလဲ။

" ရစ်..မင့်လေသံလျော့ ''

လွမ်းအိပ်ယာပေါ်ဝင်ထိုင်လာတဲ့ ဒေါက်တာဆက်
ကြောင့် ကိုကို ရဲ့ ဒေါသအကြည့်တွေ လွမ်းအပေါ်က
အနည်းငယ်လျှော့ကျသွားလေသည်။

" ဒေါက်တာ.. ''

"လွမ်းလေး...မျက်နှာတွေ ဖြူဖတ်နေတာဘဲ
နေလို့ ထိုင်လို့ကောင်းရဲ့လား ''

"လွမ်း ဘားမှ မဖြစ်ပါဘူး ဒေါက်တာ ''

လွမ်းတကယ်လဲ ဘယးမှမဖြစ်ဘူး။ မျက်နှာက
ဘာလို့ ဖြူနေတာလဲ လည်း လွမ်းမသိဘူး။

" သေခြာရဲ့လား လွမ်း..အကိုက ဒေါက်တာ
ဆိုတာမမေ့နဲ့နော် အကို အကုန်သိတယ် ''

ဒေါက်တာစကားကြောင့် လွမ်းမျက်ခုံးပင့်တက်
သွားပြီး နံဘေးမှာ ရပ်ကြည့်နေတဲ့ ကိုကို့
ကို ကြည့်လိုက်မိသည်။

" ဒေါက်တာ လွမ်းက.....''

"အကို နားလယ်တယ်လွမ်း...
ကိုယ့်ကို ကိုတော့ဂရုစိုက်ပါနော်
လွမ်း အခြေအနေက အချိန်မရွှေး ဆိုးဝါးသွား
နိုင်တာ သိတယ်မလား ''

"လွမ်းသိပါတယ် ဒေါက်တာ ''

" နေပါ​ကြအုန်း.. လွမ်းစေတည်က
အခု ဘာရောဂါ ဖြစ်နေလို့လဲ''

လွမ်း ဘာဖြစ်နေမှန်း မသိတဲ့ကိုကို.။လွမ်းနဲ့
ဒေါက်တာ စကားအဓိပ္ပါယ်ကို နားမလယ်တော့၍
မေးလာခြင်း ဖြစ်လိမ့်မည်။

ကိုကို့ အမေးကို လွမ်းမဖြေခြင်။ ဒေါက်တာ
သည်လည်း လွမ်း အခက်အခဲကို ရိပ်မိသည့်
နှယ် ကိုကိုအား အပြင်သို့ မောင်းထုတ်တော့၏။

" ပြောရင်လဲ မင်းမသိဘူး ရစ်...
ငါ လွမ်းကို စစ်ဆေးစရာရှိတယ် မင်း အပြင်
ထွက်နေပေး ''

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now