Part-10

4.2K 156 0
                                    

နွေးထွေးလွန်းတဲ့ ရင်ခွင်ကြီးထဲ အိပ်စက်ခဲ့ရသည်မို့
ရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊လန်းဆန်းခြင်း တွေ
ဖြင့် အပြုံးပန်းများ ဝေဝေဆာဆာ ပွင့်ဖူး၍
လွမ်း နိုးထလာသည်။

နေမင်းရဲ့ အလင်းရောင်မထွက်ပေါ်လာသေးပေမဲ့
အာရုံဦးရဲ့ အလင်းတန်းဖျော့ဖျော့လေးက
ထွန်းလင်းနေတာမို့ ပုတင်ပေါက်ကနေတစ်
ဆင့် အပြင်က ပတ်ဝန်းကျင်ကို
မြင်နေရလေပြီ။

သူ့ကိုရင်ခွင်ထဲ သွင်းပြီး အိပ်ပျော်​နေတဲ့ ခန့်ညား
ပြီး ချောမောလွန်းနေတဲ့ လွမ်းရဲ့ ကိုကို နတ်သား
လေးရဲ့ မေးဖျားလေးကို အနမ်းခပ်ဖွဖွလေးခိုး
ပေး၍ ကိုကို မနိုးအောင် အသာလေးရင်ခွင်ထဲက
ထွက်ပြီး အိပ်ယာပေါ်ကဆင်းကာ
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လိုက်သည်။

မျက်နှာသစ်ပြီးအောက်ထပ်ဆင်းကာ
ကိုကို့ အတွက်မနက်စာကို ရွှင်လန်းတဲ့
အပြုံးတွေနဲ့ အချစ်ရနံတွေပါရောထွေးပြီး
ချက်ပြုတ်ပေးနေမိသည်။

လွမ်းကို ချက်ကူဖို့ ထလာကြတဲ့ အိမ်ဖော်မ
လေးများမှာလဲ အခါတိုင်းနဲ့မတူ
မျက်နှာလေး ဝင်းလဲ့နေတဲ့ သူဌေး
ကြောင့် စိတ်သာကြရသည်မှာ
အားလုံး၏မျက်နှာတွင် အပြုံးတွေက
ဝေဆာနေသည့်အထိဖြစ်၏။

"သူဌေးလေး မိုးလင်းပြီ ''

ထုံစံအတိုင်းပေါ့ ကိုကို့ အတွက် မျက်နှာသစ်
ဖို့ ပြင်ပေးရမည်မို့ အိမ်ဖော်မလေး အသိ
ပေးလာသည်နှင့် လုပ်လက်စအလုပ်တွေကို
အလုပ်သမားတွေနဲ့ ထားလိုက်ပြီး
အပေါ်ထပ် တက်ခဲ့လိုက်သည်။

အပေါ်ထပ်ရောက်တော့ ချစ်ရတဲ့
လွမ်းရဲ့ ကိုကို လူသားလေးက ကုတင်ပေါ်မှာ
အိပ်စက်နေဆဲ။

လွမ်းရေချိုးခန်းထဲဝင်ကာ သွားတိုက်တံပေါ်သွား
တိုက်ဆေးတင်လိုက်ပြီး မျက်နှာသုတ်ပုဝါကို
ပါ ခေါက်၍အရန်သင့် ချထားလိုက်သည်။

မျက်နှာသစ်ပြီး ရေချိုးတတ်တဲ့ ကိုကိုကြောင့်
အိပ်ခန်းထဲ ပြန်လာကာအဝတ်ဗီယိုထဲက
ကိုကို ကုမ္ပဏီ သွားရင်ဝတ်ဖို့ သင့်သော်
တဲ့ အဝတ်တစ်စုံကို ရွှေးချယ် ထုတ်ယူ
ခဲ့လိုက်ပြီး ကုတင်ခြေရင်းစောင်းလေးပေါ်
တင်ထားလိုက်သည်။

နာကျည်းခဲ့ရပါသော နေ့စွဲ (Un/ ZG)Where stories live. Discover now