အခန်း ၈၀၀ ဆင်းရဲတာကလဲ စိတ်ခွန်အားတစ်မျိုးပဲ

1.4K 151 1
                                    

[Unicode]
အခန်း ၈၀၀ ဆင်းရဲတာကလဲ စိတ်ခွန်အားတစ်မျိုးပဲ

“ယွင်ပင်း၊ သူက ကိုယ်တို့ရဲ့သားမဟုတ်လား?” ဖန်ပင်းဟွေ့ အဖြေကို သေချာနေပြီးသားဖြစ်သော်လည်း ဝမ်ယွင်ပင်းနှုတ်မှ အတည်ပြုလာမည်ကို ကြားချင်နေစဲပင်။

“ဘာ?” ဝမ်ကျဲ့ရှန်ကတော့ မယုံနိုင်အောင်ဖြစ်သွားရသည်။ သူ့အမေက သူ့အဖေ ကားတိုက်မှုကြောင့် ဆုံးပါးသွားပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား?

ဝမ်ယွင်ပင်းလဲ စိုးရိမ်ထိတ်လန့်သွားကာ ချက်ချင်းပင် ငြင်းဆန်တော့သည်။ “မဟုတ်ဘူး၊ သူက ရှင်နဲ့ဘာမှမပတ်သတ်ဘူး!”

“မဟုတ်ဘူးဆို သူက ဘာလို့ ကိုယ်ငယ်ငယ်တုန်းကနဲ့တူနေရတာလဲ?”

“အဲ့ဒါ….” ဝမ်ယွင်ပင်း၏ ဘာပြန်ပြောရမှန်း မသိဖြစ်နေပုံကပဲ ဝမ်ကျဲ့ရှန်သည် ဖန်ပင်းဟွေ့၏သားဖြစ်ကြောင်း သက်သေပြသွားခဲ့သည်။

“အမေ၊ ဒါအမှန်ပဲလား?” ဝမ်ကျဲ့ရှန် မေးလိုက်သည်။

ဝမ်ကျဲ့ရှန်သည် အလွန်ဉာဏ်ကောင်းသည့်ကလေးဖြစ်တာကြောင့် ဝမ်ပင်းဟွေ့တုံ့ပြန်ပုံမှ ဆိုလိုရင်းကို နားလည်ပေသည်။ ထို့အပြင် သူသည်လဲ ထိုလူနှင့်သူအလွန်ဆင်တူကြောင်း သတိပြုမိထားပြီးဖြစ်သည်။ သို့ပေမည့် ချက်ချင်းကြီးတော့ သူ့အတွက် အမှန်တရားကို လက်ခံဖို့ရန် ခက်ခဲလှသည်။ သူ့မှာသာ အဖေရှိရင် နှစ်တွေအများကြီး ဘာကြောင့် သူ့အဖေက ပေါ်မလာရတာလဲ? အမေကရော ဘာလို့ သူ့အဖေကို သသွေားပြီလို့ ပြောထားရတာလဲ?

လူများစွာက သူ့မှာ အဖေမရှိသည့်အတွက် လှောင်ရယ်ခဲ့ကြချိန်တွင် သူလဲ အဖေတစ်ယောက်ရှိလာဖို့ စိတ်ကူးခဲ့ဖူးသည်။ သူ့အမေက တစ်ချိန်တည်းမှာ အလုပ်ကိုကြိုးစားရင်း သူ့ကို ပျိုးထောင်နေရသည်ကို မြင်ရချိန်တွင်လဲ သူတွင် အဖေတစ်ယောက်ရှိဖို့ ဆုတောင်းမိသေးသည်။

သူ့ရှေ့က လူကတကယ်ပဲ သူ့ရဲ့အဖေရင်းဖြစ်နေမည်ဆိုလျှင်တော့ ထိုလူအတွက် ဝမ်ကျဲ့ရှန်တွင် အမုန်းသာရှိပေသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး!” ဝမ်ယွင်ပင်း ထပ်ငြင်းလိုက်ပြန်သည်။ သူမသားနှင့်ထိုလူကိုလဲ မတွေ့စေချင်ပေ။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး… ပင်းဟွေ့ ကျွန်မတို့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးပြီပဲ၊ ကျွန်မဘဝကို မနှောင့်ယှက်ပါနဲ့တော့။”

ဖီးနစ်သွေးစက် Book 5Where stories live. Discover now