အခန်း ၉၄၇ ထန်ယွင်ဖန်း၏ပံ့ပိုးမှု

1K 124 0
                                    

[Unicode]
အခန်း ၉၄၇ ထန်ယွင်ဖန်း၏ပံ့ပိုးမှု

ချိုးလီလီက သူမသတို့သားလောင်းဖြစ်သည့် ထန်ဟွမ်လုပ်ငန်းစု လူ့စွမ်းအင်အရင်းအမြစ်ဌာမှမန်နေဂျာကို အကူအညီလှမ်းတောင်းခဲ့သည်။

ကုနင်း သူမခေါင်းကိုငြိမ့်နေကာ ဒီအမျိုးသမီးတကယ်ကိုမိုက်မဲတာပဲလို့တွေးနေသည်။ ထိုလူ့စွမ်းအင်အရင်းအမြစ်ဌာနမန်နေဂျာက သူမဘက်လိုက်ပေး မပေးဆိုတာကို ကုနင်းသိချင်လာတော့သည်။ သူသာ ဘက်လိုက်ပေးမည်ဆိုလျှင် ဒီနေ့ပဲ သူ့ရာထူးက အဆုံးသတ်သွားပေမည်။ ထန်ဟွမ်လုပ်ငန်းစု၏လူ့စွမ်းအင်အရင်းအမြစ်မန်နေဂျာတစ်ယောက်ကတော့ ထိုမျှမိုက်မဲမည်ဟုတော့ ကုနင်းမထင်ပေ။

“ဟေ့၊ အဲ့မိန်းကလေးက ဥက္ကဌထန်နဲ့အတော်တော်လေးဆင်တယ်လို့ မထင်မိဘူးလား?” ဝန်ထမ်းတစ်ယောက်က ကုနင်းကိုအတော်ကြာလေ့လာကြည့်ရင်းပြောလာသည်။

“အိုး၊ အဲ့ဒါကြောင့် သူ့ကိုရင်းနှီးနေတယ်လို့ထင်မိတာကိုး!”

လူများစွာက လေသံတိုးတိုးဖြင့် ကုနင်းအကြောင်းပြောလာကြသည်။

သူတို့လဲ ထန်ယွင်ဖန်းကို မကြာခဏမတွေ့ဖူးကြသလို တွေ့ခဲ့ရင်လဲ ထန်ယွင်ဖန်းနှင့်သူတို့ကြားမှ အကွာအဝေးက တော်တော်ခြားတာကြောင့် ထန်ယွင်ဖန်း၏ရုပ်ရည်သွင်ပြင်အကြောင်း သေချာမသိကြပေ။ ထို့အပြင် ကုနင်းက ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူတာကြောင့် ထန်ယွင်ဖန်းကို သေချာမမြင်ဖူးသည့် သူစိမ်းတွေဆိုလျှင်တော့ သူတို့ကြားမှဆက်ဆံရေးကိုခန့်မှန်းမိမည်မဟုတ်ပေ။

ဝန်ထမ်းများမျာ ကုနင်းကိုအချိန်အတော်ကြာလေ့လာကြည့်ပြီးနောက်မှာတော့ သူတို့ဥက္ကဌနှင့်ထိုမိန်းကလေးက တော်တော်တူနေကြောင်း သိသွားကြတော့သည်။

ထိုအကြောင်းကိုစတင်ပြောလိုက်သည့် ဝန်ထမ်းကတော့ တခြားသူတွေထက် ထန်ယွင်ဖန်းကို အကြိမ်ရေပိုများများမြင်ဖူးသည့် ဧည့်ကြိုဌာနမှမိန်းကလေးဖြစ်သည်။

ကုနင်းက သူတို့စကားပြောနေသည်ကို ကြားနေရသော်လည်း ချိုးလီလီကတော့ မကြားခဲ့ပေ။

ဖီးနစ်သွေးစက် Book 5Where stories live. Discover now