အခန်း ၉၄၁ အခုပဲဆိုင်ထဲကထွက်သွား

1K 110 0
                                    

[Unicode]
အခန်း ၉၄၁ အခုပဲဆိုင်ထဲကထွက်သွား

ကွမ်းပင်းနှင့်ဖုန်းပြောပြီးနောက် ကျန်းထန်ဟောက်က ကုနင်းကို ကြည့်လိုက်ကာ၊ “စောင့်နေလိုက်!”

“အွန်း၊ ကြည့်ရသေးတာပေါ့။” ကုနင်းနှာခေါင်းရှုံ့လိုက်သည်။

“မင်းဒီစားသောက်ဆိုင်ထဲက မောင်းထုတ်ခံရဖို့ မကြာတော့ဘူး။” ကျန်းထန်ဟောက် အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။

ကွမ်းပင်းသည်လဲ စားသောက်ဆိုင်ထဲတွင်သာ ရှိနေတာကြောင့် တစ်မိနစ်လောက်နေသည်နှင့်ရောက်လာခဲ့သည်။ သူ ကုနင်းကိုမြင်လိုက်သည်နှင့် အံ့ဩကာစိတ်လှုပ်ရှားသွားတော့သည်။ “ဟိုင်း၊ မိန်းကလေးကု၊ တွေ့ရတာဝမ်းသာလိုက်တာ! မင်းဒီမှာလာစားမယ်ဆိုတာ ငါ့ကိုဘာလို့မပြောရတာလဲ? ဒီတစ်နပ်ငါကျွေးပါ့မယ်!”

ကွမ်းပင်းက ကုနင်းကိုစိတ်အားထက်သန်စွာပြောဆိုနေပုံကိုမြင်လိုက်ရတာကြောင့် ကျန်းထန်ဟောက်ကတော့ ကြောင်အနေတော့သည်။

“နင်သိရင် ငါ့ကိုငွေမရှင်းခိုင်းမှာသိနေလို့လေ၊ အဲ့ဒါကြောင့်မပြောတာ။” ကုနင်းပြုံးလိုက်သည်။ သူမ၏ကွမ်းပင်းအပေါ်အပြုအမူကတော့ အလွန်ကြင်နာမှုရှိပေသည်။

“ဒါကိစ္စကြီးမှမဟုတ်တာ၊ မင်းကိုထမင်းတစ်နပ်ကျွေးခွင့်ရတာကိုက ငါ့အတွက်ဂုဏ်ယူစရာပဲ!” ကွမ်းပင်း၏စိတ်ရင်းကပေါ်လွင်လှသည်။

“မင်းဒီရောက်နေတာ ငါသိပြီးပြီဆိုမှတော့ ဒီတစ်ကြိမ်တော့ ဝယ်ကျွေးပါရစေ။” ကွမ်းပင်းထပ်ပြောလိုက်သည်။

“ကျေးဇူးပါပဲ!” ကုနင်းလဲ ကွမ်းပင်း၏စေတနာကိုငြင်းမနေတော့ပေ။

“သခင်လေးကွမ်း၊ ဘာတွေ…” ကျန်းထန်ဟောက်မှာ အံ့ဩတုန်လှုပ်နေတုန်းပင်။ သူဘယ်လောက်ပဲမောက်မာနေပါစေ ဦးဏှောက်မရှိတာတော့မဟုတ်တာကြောင့် ဒီကောင်မလေးနှင့်ကွမ်းပင်းတို့က သာမာန်သူငယ်ချင်းတွေမဟုတ်ကြောင်း သိလိုက်ပေသည်။ ဒီလိုသာဆို ဒီမိန်းကလေးက သူသွားရှုပ်လို့ရတဲ့လူမဟုတ်လောက်တာ အသေအချာကြီးပေါ့။

ဖီးနစ်သွေးစက် Book 5Where stories live. Discover now