အခန်း ၈၃၂ စုအန်းယာနှင့်တွေ့ဆုံခြင်း

1.2K 119 0
                                    

[Unicode]
အခန်း ၈၃၂ စုအန်းယာနှင့်တွေ့ဆုံခြင်း

“မဖြစ်ဘူး၊ မဖြစ်ဘူ၊ မဖြစ်ဘူး!” ကျန်းဝမ်မေ့ အတင်းငြင်းဆန်ကာ သူမခန္ဓာကိုယ်နှင့်ခေါင်းကိုထိကာ ကွေးထားပြီး လက်များဖြင့် ဖုံးကွယ်ကာ အသည်းအသန်ငိုကြွေးလို့နေသည်။ သူတို့နှစ်ဦးသည် မောင်နှမများဖြစ်ကြသည်။ တကယ်တမ်း သူတို့နှစ်ဦးအိပ်ဖြစ်ကြခြင်းမှာ ကိုယ့်ကျင့်သိက္ခာအရာကော ဥပဒေကြောင်းအရပါမကိုက်ညီပေ။ သို့ပေမည့် သူတို့ဖြစ်ပြီးသွားကြပေပြီ။ မိဘတွေကို သူမဘယ်လိုများရင်ဆိုင်ရမလဲ?

ကျန်းဝမ်ဟောက်က ကျန်းဝမ်မေ့ကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးဖို့ရန်ကြိုးစားပေမည့် ကျန်းဝမ်မေ့ကတော့ သူမအသားကိုထိလာသည်နှင့် ကြောက်လန့်တုန်လှုပ်သွားတော့သည်။ “ငါ့ကိုမထိနဲ့!”

“ဝမ်မေ့၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုမတွန်းထုတ်ပါနဲ့။ နောက်တစ်ခါထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ အကုန်ကိုယ့်အမှားတွေပါ။” ကျန်းဝမ်ဟောက် တောင်းပန်တိုးလျှိုးနေသည်။ သူပြောနေတာတွေက အမှန်လားအမှားလားဆိုသည်က အရေးမပါဘဲ လောလောဆယ်ကျန်းဝမ်မေ့ စိတ်ငြိမ်သွားဖို့သာအဓိကပင်။

“ငါ့ကို တစ်ယောက်တည်းပေးနေပါ!” ကျန်းဝမ်မေ့တောင်းဆိုလိုက်သည်။

“ဝမ်မေ့….”

“ထွက်သွား!” ကျန်းဝမ်မေ့ မျက်ရည်များဖြင့်အော်ဟစ်လိုက်တော့သည်။

“ဟုတ်ပါပြီ၊ ငါအခုထွက်သွားမှာမို့ ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ပါနဲ့၊ ပြီးတော့ မိဘတွေကိုလဲ မပြောနဲ့နော်၊ ဟုတ်ပြီလား?” ကျန်းဝမ်ဟောက် တောင်းဆိုလိုက်သည်။ မိဘတွေသာ သိသွားလျှင် သူဘယ်လိုမှတာဝန်မယူနိုင်ပေ။

ကျန်းဝမ်မေ့ကတော့ တိတ်ဆိတ်နေကာ ကျန်းဝမ်ဟောက်ကလဲ ဆိတ်ဆိတ်နေခြင်းသည်က သဘောတူခြင်းဟုသာ မှတ်ယူပြီး ပြန်သွားခဲ့သည်။

ကျန်းဝမ်ဟောက်ထွက်သွားပြီး မကြာခင်တွင်ပဲ ကျန်းဝမ်မေ့သည် အိပ်ဆေးလုံးပေါင်းများစွာကို ထုတ်ယူကာ သောက်လိုက်တော့သည်။

ဖီးနစ်သွေးစက် Book 5Where stories live. Discover now